Entertainment: ချမ်းချမ်းရဲ့ ဘဝပုံရိပ်တွေ ပါတဲ့ ‘အိပ်မက်’

ဇန်နဝါရီလဆန်းပိုင်းမှာ ဖြန့်ချိမယ့် ချမ်းချမ်းရဲ့ တစ်ကိုယ်တော်စီးရီး ‘အိပ်မက်’ဒီဗီဒီရဲ့ Title သီချင်းကို ကိုယ်ပိုင် ဘဝဖြတ်သန်းမှု ပုံရိပ်တွေနဲ့ ရိုက်ကူးထားတယ်လို့ ချမ်းချမ်းက ပြောပါတယ်။

play

 

‘‘ညီမတို့ ချစ်သူဘဝကနေ အခုသမီးလေးမွေးပြီး တောင်ကြီး မီးပုံးပျံပွဲအထိ ပုံရိပ်တွေပါပါတယ်။ ညီမတို့ မိသားစုရဲ့ Life ကို မှတ်တမ်းပုံစံ ရိုက်ထားတာ။ ညီမတို့ မင်္ဂလာဆောင်တာတွေလည်းပါတယ်။ ဒါလေးတွေကိုကြည့်ပြီး ပရိသတ်တွေက ညီမတို့ရဲ့ မိသား စု Life လေးကိုလည်း သိသွားမယ်’’လို့ သူမက ဆိုပါတယ်။

အဲဒီသီချင်းမှာ ချမ်းချမ်းရဲ့ (၂)နှစ်အရွယ် သမီးလေး မြမိုးဂင်္ဂါလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

play

 

 ‘‘အော်ဒီယိုမှာတုန်းက ၁၅ ပုဒ်ပါတာ။ အခုဒီဗီဒီပြန်ထွက်တော့ အဲဒီအထဲက ၁၁ ပုဒ် ယူထားတယ်။ အသစ်နှစ်ပုဒ် ထပ်ထည့်ပေးထားတယ်။ ကျန်တဲ့ လေးပုဒ်က ထူးထူးခြားခြား ဇာတ်လမ်းဖရိန်မရှိတော့ ပရိသတ်ကို အီသွားစေမယ့် အရာမျိုးတွေ မထည့်ချင်ဘူး။ တကယ်ထိရောက်မယ့် ဇာတ်လမ်းတွေပဲ ရိုက်ထားတယ်’’လို့ သူမရဲ့ ဒီဗီဒီအတွက် စီစဉ်ထားပုံ အသေးစိတ်ကို ချမ်းချမ်းက ပြောပြပါတယ်။

play

 

‘အိပ်မက်’ ဒီဗီဒီကို ဇန်နဝါရီ ၂ ရက်တွင် စတင်ဖြန့်ချိမှာဖြစ်ပြီး ဒီဗီဒီဝယ်ယူသူတိုင်းကို သီချင်း ငါးပုဒ်ပါဝင်သည့် မီနီအယ်လ်ဘမ်ကို လက်ဆောင်ထည့်ပေးမှာဖြစ်ကြောင်းလည်း သိရပါတယ်။

Source : 7day

Photos : 7day & Chan Chan's Facebook page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ