Entertainment: မိုး ရုပ်ရှင်ထုတ်လုပ်ရေးမှ ၂၀၁၆ နှစ်ဆန်းပိုင်းတွင် ပထမဆုံးပွဲဦးထွက်ရုပ်ရှင်အား ရုံတင်ပြသမည်

အဆိုပါ ဇာတ်ကားတွင် မိုးဟေကိုသည် မော်ဒယ်အေဂျင်စီတစ်ခုမှ ဆရာမအဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်သိမ်းပိုင်း ပရိသတ်များ ထင်မှတ်မထားသည့် ပုံစံတစ်ခုဖြင့် သရုပ်ဆောင်ထားသည်။

play

 

၂၀၁၆ ခုနှစ် ၊ ဇန်နဝါရီလ (၈) ရက်နေ့တွင် သရုပ်ဆောင် မိုးဟေကို၏ မိုး ရုပ်ရှင်ထုတ်လုပ်ရေးမှ ပထမဆုံးပွဲဦးထွက်ရုပ်ရှင် ဖြစ်သည့် ‘ရုံးပတီသီးလေးများ’ ဇာတ်ကားကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် အခြားနယ်မြို့များ၌ ရုံပြိုင်စနစ်ဖြင့် ရုံတင်ပြသမည်ဖြစ်သည်။

play

 

‘ရုံးပတီသီးလေးများ’ရုပ်ရှင် ဇာတ်ကားတွင် ခန့်စည်သူ၊ ထွန်းထွန်း၊ ကျော်ကျော်ဗို၊ နေဒွေး၊ မင်းခ၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ မိုးဟေကို၊ ဖူးဖူး၊ အေးချမ်းမိုးနှင့် ပွင့်တို့က အဓိကသရုပ်ဆောင်များအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး မိုးဟေကိုက မော်ဒယ်အေဂျင်စီတစ်ခုမှ ဆရာမအဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်သိမ်းပိုင်း ပရိသတ်များ ထင်မှတ်မထားသည့် ပုံစံတစ်ခုဖြင့် သရုပ်ဆောင်ထားကြောင်း သိရသည်။

play

 

ရုံပြိုင်စနစ်ဖြင့် ပြသခြင်းကို ၂၀၁၆ ခုနှစ် ၊ ဇန်နဝါရီ (၁) ရက်တွင် စတင်မည်ဖြစ်ပြီး အေအုပ်စုတွင် ယခင်တန်းစီထားသည့်ဇာတ်ကားများကို အစဉ်အတိုင်းပြသမည်ဖြစ်ပြီး ၊ ဘီအုပ်စုတွင်မူ ဒါရိုက်တာဝိုင်း ရိုက်ကူးသည့် ‘ချစ်လှစွာသော အမုန်း’ ရုပ်ရှင်ဇာတ်ကားကို စတင်ရုံတင်ပြသမည်ဖြစ်သည်။

Source: 7 Day Daily

Photo: 7 Day Daily, Moe Hay Ko Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ