Entertainment: အကယ်ဒမီ ဆုပေးပွဲမှာ ဆု ၂၂ ခု ချီးမြှင့်မယ်

ဒီတစ်ခါ ပြုလုပ်မယ့် အကယ်ဒမီ ဆုပေးပွဲမှာ ဆုပေါင်း ၂၂ ခု ချီးမြှင့်မှာပါ။

play

 

၂၀၁၆ ခုနှစ်မှာ ပြုလုပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ (အကယ်ဒမီ)မှာ ဆုပေါင်း ၂၂ ခု ပေးအပ်ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အတွက် ၂ နှစ်စာ ပေါင်းပြီး ပေးမှာဖြစ်လို့ ၂၂ ဆု ဖြစ်သွားရတာပါ။ ၂၀၁၄ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ဇာတ်ကား ၁၇ ကားနဲ့ ၂၀၁၅ ရုံတင်ကား ၁၀ ကား ရှိပြီး နှစ်နှစ်ပေါင်း ဇာတ်ကား ၂၇ ကား ထဲကနေ ဆု ၂၂ဆု ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

အကယ်ဒမီပေးပွဲကို မူလက ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီမှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမဲ့ အစိုးရအပြောင်းအလဲကြောင့် ဧပြီလမှသာ ကျင်းပနိုင်တော့မှာပါ။


Source & Photo : DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ