Entertainment: ဆက်စီပုံတွေကြောင့် နာမည်ကြီးခဲ့တဲ့ အင်စတဂရမ် မော်ဒယ်တွေ

သူတို့နာမည်တွေကို ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ သူတို့တွေဟာ ဆိုရှယ်မီဒီယာမှာ ပုံတွေတင်ပြီး ပေါင် သန်းနဲ့ချီ ရရှိခဲ့ကြပါတယ်။

အင်စတဂရမ်မှာ ဆက်စီပုံတွေ တင်ပြီး နာမည်ကြီးလာပြီးတဲ့နောက် ချမ်းသာသွားကြတဲ့ ဝင်ငွေအများဆုံးရ ကိုယ်ကာယအလှပြ မော်ဒယ် ၁၀ ဦးကို ဖော်ပြပေးလိုက်ပါတယ်။ သူတို့တွေဟာ ဂျီဂျီဟက်ဒီးတို့၊ ကင်ဒဲလ်ဂျန်နာတို့လို နာမည်ကျော်တွေ မဟုတ်ပေမဲ့ အင်စတဂရမ်မှာ သူတို့ရဲ့ Follower က  သန်းချီရှိနေတဲ့အတွက် ဝင်ငွေများစွာ ရရှိနေကြသူတွေပါ။

(၁) အန်နာ ချာရီ (Ana Cheri)

play

 

အင်စတဂရမ်မှာ Follower ၄.၆ သန်းရှိတဲ့ အန်နာချာရီဟာ ကိုယ်ကာယအလှပြ မော်ဒယ်လောကမှာ နာမည်အကြီးဆုံးပါ။ ဒီလုပ်ငန်းက ရတဲ့ သူမရဲ့ ဝင်ငွေက ပေါင် ၂.၄ သန်းရှိနေပါပြီ။ ကယ်လီဖိုးနီးယားမှာနေထိုင်တဲ့ အသက် ၂၉ နှစ်ရှိ အန်နာဟာ ပလေးဘွိုင်းမဂ္ဂဇင်းအတွက် ဓာတ်ပုံတွေ ရိုက်ပေးသလို Shredz အတွက် ကိုယ်အလေးချိန်ကျစေတဲ့ ထုတ်ကုန်တွေနဲ့ ခန္ဓာကိုယ် တောင့်တင်းစေတဲ့ ထုတ်ကုန်ပစ္စည်းတွေကို ကြော်ငြာပေးနေပါတယ်။

(၂) ကေလာ အစ်ဆိုင်း (Kayla Itsines)

play

 

အသက် ၂၄ နှစ်ရှိ သြစတြေးလျ မော်ဒယ် ကေလာဟာလည်း Follower ၄.၁ နဲ့ ဒုတိယနေရာမှာ ရှိနေပေမဲ့ ဝင်ငွေအားဖြင့် သူမက ပိုကောင်းပြီး ပေါင် ၄.၁ သန်း ရှိပါပြီတဲ့။ ဘစ်ကီနီဘော်ဒီလေ့ကျင့်ခန်း လမ်းညွှန် ဗီဒီယိုတွေနဲ့ ဝင်ငွေရရှိနေတဲ့ သူမဟာ ကိုယ်ကာယလေ့ကျင့်ပေးသူအဖြစ် လက်မှတ်ရထားသူပါ။

(၃) ပိုင်ဂျီ ဟက်သာဝေး (Paige Hathaway)

play

 

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုတာပြည်နယ်မှာနေထိုင်တဲ့ အသက် ၂၆ အရွယ် ပိုင်ဂျီဟာ အင်စတဂရမ်မှာ Follower ၃.၂ သန်းရှိပြီး ဝင်ငွေ ပေါင် ၃.၈ သန်း ရရှိထားသူပါ။ သူမဟာလည်း Shredz ရဲ့ ကုန်ပစ္စည်းတွေကို ကြော်ငြာပေးနေပြီး ကိုယ်ပိုင် ကိုယ်ကာယသင်တန်းလည်း ဖွင့်ထားသူပါ။

(၄) ချန်တယ် ဇဲလက်စ် (Chantel Zales)

play

 

နောက်ထပ် Shredz မော်ဒယ်တစ်ဦးဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ်ရှိ ဇဲလက်စ်ဟာ ဒီလုပ်ငန်းကနေ ပေါင် ၃.၆ သန်း ရရှိနေပါပြီ။

လော့ဆန်းဂျလိစ်မှာ နေထိုင်တဲ့ ဒီမော်ဒယ်လေးဟာ သူမကိုယ်ပိုင် ပြက္ခဒိန်လည်း ထုတ်ထားပြီး Maxim နဲ့ FHM အပါအဝင် မဂ္ဂဇင်းတွေမှာလည်း ပါဝင်သူပါ။  အင်စတဂရမ်မှာ Follower ၃.၁ သန်း ရှိပါတယ်။

(၅) ကလော်ဒီယာ အယ်လန်ဒီ (Claudia Alende)

play

 

ဘရာဇီးသူလေး အယ်လန်ဒီရဲ့ အင်စတဂရမ်မှာ Follow လုပ်သူပေါင်း ၂.၈ သန်း ရှိပြီး မော်ဒယ်အလုပ်နဲ့ ဝင်ငွေ ပေါင် ၂.၁ သန်း ရရှိထားပါတယ်။ အသက် ၂၂ နှစ်အရွယ် အယ်လန်ဒီဟာ ဘရာဇီးအလှမယ် ရွေးပွဲတစ်ခုခု ဖြစ်တဲ့ မစ္စဘမ်ဘမ် ပြိုင်ပွဲမှာ ဆုချိတ်ဖူးသူလည်း ဖြစ်ပါတယ်။

(၆) အက်ဘီဂေး ရက်ခ်ျဖို့ဒ် (Abigail Ratchford)

play

 

အင်စတဂရမ်မှာ ဓာတ်ပုံတွေတင်ရင်း နာမည်ကြီးလာသူတစ်ယောက်ကတော့ ၂၃ နှစ်အရွယ် ရက်ခ်ျဖို့ဒ်ဖြစ်ပြီး Playboy နဲ့ Sports Illustrated မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံရိုက်ခဲ့တဲ့အတွက် ဒေါ်လာ ၂.၃ သန်း ဝင်ခဲ့ပါတယ်။

လော့ဆန်းဂျလိစ်မှာ နေထိုင်တဲ့ ဒီမော်ဒယ်လ်ဟာ အင်စထရာဂရမ်မှာ Follower ၂.၇ သန်း ရှိပြီး သူမရဲ့ အဝတ်အထည်တွေနဲ့ ပြက္ခဒိန်ကို အွန်လိုင်းကနေ ရောင်းချနေသူဖြစ်ပါတယ်။

(၇) လက်စီကေဆွမ်မာစ် (Laci Kay Somers)

play

 

အသက် ၂၄ နှစ်အရွယ် ကိုယ်ကာယဆရာမလေး လက်စီဟာဆိုရင် သိုင်းပြိုင်ပွဲတွေမှာ အချက်ပြမော်ဒယ်အဖြစ်လည်း အလုပ်လုပ်ကိုင်သူပါ။ အခုချိန်အထိ သူမရဲ့ ဝင်ငွေက ပေါင် ၂ သန်းရှိပြီး အင်စတဂရမ် Floower ၂.၄ သန်းရှိပါတယ်။ ဒီစာရင်းထဲက အခြားမော်ဒယ်တွေလိုပဲ သူမကလည်း Shredz ရဲ့ ထုတ်ကုန်တွေကို ကြော်ငြာပေးပါတယ်။

(၈) ဘယ်လာ ဖယ်လ်ကွန်နီ (Bella Falconi)

play

 

ဒီစာရင်းထဲမှာ ပါဝင်လာတဲ့ ဘရာဇီးသူ နောက်တစ်ယောက်ဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် ဖယ်လ်ကွန်နီဟာ ဆိုရင် မော်ဒယ်တစ်ယောက် ဖြစ်ရုံတင်မကပါဘူး။ ဘဝလမ်းညွှန်နဲ့ လူတွေရဲ့ စိတ်ကိုတက်ကြွအောင် နှိုးဆော်ဟောကြားသူလည်း ဖြစ်ပါတယ်။ သူမရဲ့ ဘဏ်စာရင်းထဲမှာ ပေါင် ၁.၇ သန်းခန့် ရှိနေပြီး အင်စတဂရမ်မှာ သူမကို Follower လုပ်သူပေါင်း ၂.၂ သန်း ရှိပါတယ်။

(၉) အမန်ဒါလီ (Amanda Lee)

play

 

လော့ဆန်းဂျလိစ်မှာ အခြေစိုက်တဲ့ နောက်ထပ်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ အမန်ဒါဟာ အသက် ၂၉ နှစ်ရှိပြီး ကိုယ်ကာယအလှနည်းပြအလုပ်နဲ့ မော်ဒယ်အလုပ်ကို တွဲဖက် လုပ်ကိုင်သူပါ။ အွန်လိုင်းမှာ အတွင်းခံလေးပဲဝတ်ထားတဲ့ ဆယ်လ်ဖီတွေ တင်တတ်တဲ့ သူမရဲ့ ဝါသနာက ဒေါ်လာ ၁.၉ သန်းအထိ ဝင်ငွေရှိလာအောင် အားဖြည့် ကူညီပေးခဲ့ပါတယ်။

(၁၀) အလက်ဇာ ဂျင်းဘရောင်း (Alexa Jean Brown)

play

 

ဒီစာရင်းမှာ နောက်ဆုံးပါဝင်သူတစ်ယောက်ကတော့ ခန္ဓာကိုယ်အလေးချိန်ကျအောင် သူမ ဘယ်လို ကြိုးစားခဲ့တယ်ဆိုတဲ့ စာတွေ ရေးသားရင်း ဝင်ငွေရှာဖွေနေတဲ့ ကလေးတစ်ယောက်အမေ အလက်ဇာဂျင်းဘရောင်းဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် အလက်ဇာဟာ ဝင်ငွေ ပေါင် ၁.၅ သန်း ပိုင်ဆိုင်ထားပြီ ဖြစ်ပြီး ကိုယ်ကာယအလှ၊ ဖက်ရှင်နဲ့ လူနေမှု ပုံစံဆိုင်ရာ အကြံဥာဏ်တွေကို ရေးသားတဲ့ ကိုယ်ပိုင် ဝက်ဘ်ဆိုဒ်တစ်ခုလည်း ထောင်ထားပါတယ်။

အင်စတဂရမ်မှာ Follower ၁.၉ သန်း ရှိတဲ့ အလက်ဇာဟာ တစ်ခါတရံမှာ သူမရဲ့ သမီးငယ်လေးနဲ့ ပုံတွေကိုလည်း တင်တတ်ပါတယ်။


Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ