Entertainment: စိုင်းစိုင်းရဲ့ နှစ်သစ်ကူးလက်ဆောင်

ပရိသတ်တွေက အွန်လိုင်းပေါ်မှာပဲရှိလို့ အမှတ်တရ ပုံကိုပဲ ဒေါင်းလုတ်ရယူဖို့ တင်ပေးထားပါတယ်။

play

 

စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်တွေအတွက် နှစ်စဉ် လက်ဆောင်လေးတွေ ပေးပို့လေ့ရှိပါသတဲ့။ ခုနှစ်မှာတော့ အမှတ်တရလက်ဆောင်က ပုံစံပြောင်းသွားခဲ့ပါတယ်။

အရင်တုန်းကတော့ ပရိသတ်တွေက စိုင်းစိုင်းကို စာတိုက်ကနေ စာတွေပို့လေ့ရှိပြီး စိုင်းစိုင်းက ပေးပို့လာသူတွေရဲ့ လိပ်စာကို မှတ်ထားတတ်ပါတယ်။ နှစ်သစ်ကူးချိန်ဆိုရင်တော့ သူ မှတ်ထားတဲ့ လိပ်စာရှင်တွေထံ ကတ်လေးတွေ ပြန်ပို့ပေးတာ စိုင်းစိုင်းရဲ့ ပရိသတ်အပေါ် တုံ့ပြန်မှုပါပဲ။ ဒါကြောင့်လည်း စိုင်းစိုင်းကို ချစ်တဲ့ ပရိသတ်တွေ များပြားတာ ဖြစ်မှာပါ။

ဒီနှစ်တော့ စိုင်းစိုင်းက သူ့ရဲ့ ပရိသတ်တွေအတွက် ပုံလေးတစ်ပုံကို သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ တင်ထားပေးပြီး ပျော်စရာနှစ်သစ်ပါလို့ ဆုမွန်ကောင်းတောင်းပေးထားပါတယ်။ "အခုတော့ အားလုံးက online မှာပဲ။ လိပ်စာတွေလည်း မသိတော့ဘူး။ ဒီတော့ ဒီပုံကိုပဲ download ပါတော့ဗျာ" လို့လည်း ရေးသားထားပါတယ်။

ဓာတ်ပုံ - စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ