Entertainment: အေးချမ်းမိုး အကြိုက်ဆုံး ပုံတွေ

အေးချမ်းမိုးဟာ မြန်မာဆန်တဲ့အလှနဲ့ ယဉ်နေသလို ပေါ့ပါးတဲ့ဝတ်စုံတွေကို ဝတ်တဲ့အခါမှာလည်း ကျော့ရှင်းတဲ့အလှကို ပိုင်ဆိုင်ထားသူပါ။

play

 

အေးချမ်းမိုးဟာ မြန်မာဆန်တဲ့အလှနဲ့ ယဉ်နေသလို ပေါ့ပါးတဲ့ဝတ်စုံတွေကို ဝတ်တဲ့အခါမှာလည်း ကျော့ရှင်းတဲ့အလှကို ပိုင်ဆိုင်ထားသူပါ။

Misss Universe 2013 ရဲ့ 1st Runner Up အဖြစ်ကနေ နာမည်ရလာတဲ့ အလှမယ်လေး အေးချမ်းမိုးက သူမအကြိုက်ဆုံး ပုံတွေကို သူမရဲ့ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။

play

 

My favourites လို့ ရေးထားတဲ့ စာသားနဲ့အတူ ပုံ ၃ ပုံကို တင်ထားတာပါ။ မြန်မာဆန်တဲ့အလှနဲ့ ကျော့ရှင်းတဲ့ခန္ဓာအလှတွေနဲ့အတူ အေးချမ်းမိုးဟာ သူမရဲ့ ပုံတွေထဲမှာတွေမှာလည်း အလှတရားကို ဖော်ပြထားပါတယ်။

အထူးသဖြင့် ခရမ်းရောင် ဂါဝန်ရှည်လေးနဲ့ ဓာတ်ပုံမှာဆိုရင် ပါးလျတဲ့ ဂါဝန်က စွဲမက်ဖွယ်ရာ ဖြစ်နေပေမယ့် သူမရဲ့ ကိုယ်နေဟန်ထားလေးက သိမ်မွေ့နေပြန်ပါတယ်။

play

 

နောက်တစ်ပုံကတော့ ရေကန်တစ်ခုရဲ့ အစပ်နားလေး ရိုက်ထားဟန် တူပါတယ်။ ရေဆော့နေတဲ့ ပုံက အပြစ်ကင်းတဲ့ ကလေးတစ်ယောက်လိုမျိုး ချစ်စရာအသွင်ကို မြင်ရပြီး သဘာဝကျကျ ကြည့်ကောင်းပါတယ်။

ဓာတ်ပုံ - အေးချမ်းမိုးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ