Entertainment: တွေ့စက ဂျေဇီကို ခံစားလို့မရခဲ့တဲ့ ဘီယွန်းဆေး

ဟောလိဝုဒ် အတ္ထုပ္ပတ္တိ ရေးသားသူ ဂျေ ရန်ဒီ တာရာဘော်ရယ်လီ ဟာ သူ့ရဲ့ Becoming Beyonce ဆိုတဲ့ ဘီယွန်းဆေးရဲ့ အတ္ထုပ္ပတ္တိစာအုပ်ထဲမှာ သူမနဲ့ ဂျေဇီးရဲ့ ချစ်ဇာတ်လမ်းအစကို ပြန်လည် ဖော်ထုတ်ခဲ့တာပါ။

play

 

သူတို့နှစ်ဦးဟာ ကမ္ဘာမှာ အလွှမ်းမိုးနိုင်ဆုံး ဆယ်လီစုံတွဲဖြစ်ပါတယ်။

ဒါပေမဲ့ ယခုအခါ ဂျေဇီနဲ့ ပုံပြင်ဆန်တဲ့ အချစ်ဇာတ်လမ်းမှာ ပျော်ရွှင်နေတဲ့ ဘီယွန်းဆေးအတွက် အစပိုင်းမှာတော့ ခက်ခဲခဲ့ပါတယ်။

တကယ်တော့ အသက် ၃၄ နှစ်ရှိ အဆိုတော်မလေးဟာ တွေ့တွေ့ချင်း ဂျေဇီကို သဘောမကျခဲ့ပါဘူး။ သူမရဲ့ ဦးလေးက ရက်ပါအဆိုတော်ကြီး ဂျေဇီးနဲ့ တွဲနိုင်မလားလို့ မေးတုန်းက ဘီယွန်းဆေးက ‘အင်း’ လို့သာ စိတ်မပါတပါ ပြောခဲ့ပါတယ်။

play
ဂျေဇီ၊ ဘီယွန်းဆေးနဲ့ သမီးလေး အိုင်ဗီဘလူး

 

ယခုအခါမှာ အိုင်ဗီဘလူးဆိုတဲ့ ၃ နှစ်အရွယ် ချစ်စဖွယ် သမီးလေးရှိနေပြီဖြစ်ပေမယ့် သူတို့ရဲ့ အစောပိုင်းနေ့ရက်တွေမှာတော့ အဆင်မပြေတာလေးတွေ ရှိနေနိုင်ပါတယ်။

play
ဂျေဇီနဲ့ ဘီယွန်းဆေးရဲ့ ဖျော်ဖြေတင်ဆက်မှု

 

ဘီယွန်းဆေးဟာ ရက်ပါကြီး ဂျေဇီနဲ့ တွေ့ချိန်တုန်းက အသက် ၂၀ သာ ရှိပါသေးတယ်။ အဲဒီတုန်းက “ကျွန်မ ဂျေကို သဘောမကျပါဘူး” လို့ သူမနဲ့ ရင်းနှီးခင်မင်သူတွေကို ပြောခဲ့ဖူးပါတယ်တဲ့။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ