Entertainment: ကာဒါရှီယန်အိမ်တွင် ဂျက်စတင်ဘီဘာ နာမည် မပြောရ

ကာဒါရှီယန်မိသားစုက ဂျက်စတင်ဘီဘာကို မုန်းနေပြီလား။ ဂျက်စတင်ဟာ ကော့တနီ ကာဒါရှီယန်နဲ့ တွဲနေတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ ကာဒါရှီယန်မိသားစုအိမ်မှာ ခရစ္စမတ်ရက်အတွင်း ဂျက်စတင်ရဲ့ နာမည်ကို မပြောရလို့ ပိတ်ပင်လိုက်ပါတယ်။

play

 

နောင်လည်း ဂျက်စတင်ရဲ့နာမည်ကို ကက်ဒါရှီယန်တွေ ပြောချင်မှ ပြောတော့မှာပါ။ အသက် ၂၁ နှစ်အရွယ် ဂျက်စတင်နဲ့ အသက် ၃၆ နှစ်ရှိ ကော့တနီတို့ရဲ့ ဇာတ်လမ်းက ဇာတ်ရှိန်မြင့်နေတယ်လို့ ထင်ရပေမယ့် ကော့တနီဟာ ခရစ္စမတ်ပိတ်ရက်အတွင်း ဂျက်စတင်ရဲ့နာမည်ကို မပြောရလို့ ပိတ်ပင်ပြီး သူ့ကို လုံးဝမေ့ထားလိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။

play

 

 “ကော့တနီက ခရစ္စမတ်ကာလမှာ စကော့တ်ဆီကနေ ပြဿနာရှာမယ့်စကားတွေ မကြားချင်တဲ့အတွက် ဂျက်စတင်ဘီဘာရဲ့ နာမည်ကို မပြောကြဖို့ အားလုံးကို ပိတ်ပင်ထားပါတယ်” လို့ သူမနဲ့ ရင်းနှီးသူတစ်ဦးက ထုတ်ဖော် ပြောကြားခဲ့တာပါ။

play
ကင်မ်ကာဒါရှီယန်၊ ကန်ဒဲလ်ဂျန်နာ၊ ဘရုစ်ဂျန်နာ၊ ကိုင်လီဂျန်နာ၊ ကော့တနီကာဒါရှီယန်နဲ့ ကလိုဝီကာဒါရှီယန် Kim Kardashian, Kendall Jenner, Bruce Jenner, Kylie Jenner, Kourtney Kardashian and Khloé Kardashian

 

Source & Photos : Hollywood life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ