Entertainment: နစ်ကီမင်နာ့ လက်ထပ်တော့မှာလား

နစ်ကီမင်နာ့နဲ့ မိခ်မေးလ်တို့အတွက် မင်္ဂလာခေါင်းလောင်း တီးရတော့မှာလား။

play

 

အသက် ၃၃ နှစ်အရွယ် နစ်ကီမီနာ့ခ် လက်ထပ်တော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ ရက်ပါအဆိုတော်မလေးနဲ့ အသက် ၂၈ နှစ်အရွယ် မိခ်မေးလ်တို့က လက်ထပ်ဖို့ ဆန္ဒရှိနေပြီဆိုတဲ့ စကားအရိပ်အမြွတ်တွေ ဆိုလာကြပေမယ့် သူတို့ဟာ စေ့စပ်ဖို့နဲ့ လက်ထပ်ဖို့ကို တရားဝင်ကြေညာတာ မရှိသေးပါဘူး။

play

 

မိခ်က နစ်ကီ့ရဲ့ မွေးနေ့မှာ စိန်လက်စွပ်ကြီး တစ်ကွင်း ပေးပြီး သီတင်းပတ်အနည်းငယ် အကြာမှာ နစ်ကီက လက်ထပ်ဖို့အတွက် ပရိသတ်ရဲ့ ဆန္ဒသဘောထားကို တောင်းခံတဲ့ စာသားကို တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာလ ၂၇ ရက်မှာတော့ နစ်ကီက သူမ လက်ထပ်ဖို့ စီစဉ်နေသလိုမျိုး ပရိသတ်ကို မေးခွန်းတစ်ခု ထုတ်လာခဲ့ပါတယ်။

play

 

သူမဟာ သူမရဲ့ မင်္ဂလာပွဲကို ဘယ်နေရာမှာ ကျင်းပသင့်သလဲလို့ သူမရဲ့ပရိသတ်တွေကို တွစ်တာမှာ ရွေးချယ်ခိုင်းခဲ့တာပါ။ သူမဟာ စေ့စပ်ကြောင်းလမ်းခြင်းကို တရားဝင်မကြေညာဘဲ မင်္ဂလာပွဲ တန်းလုပ်ဖို့အတွက် ကြေညာလိုက်တာလားလို့ သံသယဖြစ်စရာပါပဲ။

Source & Photos : Hollywood Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ