Entertainment: ဘောလုံးပွဲတွေနားတုန်း ကောင်မလေးနဲ့ ဘတ်စကတ်ဘောပွဲ သွားကြည့်တဲ့ ရာမို့စ်

လာလီဂါပွဲစဉ်တွေ နှစ်သစ်ကူးနားနေတုန်း ရာမို့စ်က အတူနေချစ်သူနဲ့ ဘတ်စကတ်ဘောပွဲ အေးအေးလူလူ သွားကြည့်ခဲ့ပါတယ်။

play

 

လာလီဂါ ဘောလုံးရာသီ ခေတ္တနားနေတုန်းမှာ အားလပ်ရက်ရနေတဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ရာမို့စ်က ချစ်သူကောင်မလေးနဲ့အတူ ဘတ်စကတ်ဘောပွဲသွားကြည့်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းပိုင် ဘတ်စကတ်ဘော အသင်းနဲ့ ဘာစီလိုနာအသင်းပိုင် ဘတ်စကတ်ဘော အသင်းတို့ရဲ့ပွဲစဉ်ကို ရာမို့စ် သွားကြည့်ခဲ့တာ ဖြစ်ပါတယ်။

play

play
play

ဘောလုံးပြိုင်ပွဲမှာ ဒီနှစ်သင်းက ပြိုင်ဆိုင်မှု ပြင်းထန်သလို ဘတ်စကတ်ဘောပြိုင်ပွဲမှာလည်း ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်က ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိပါတယ်။ ရာမို့စ်သွားကြည့်တဲ့ပွဲမှာ ရီးရဲလ်မက်ဒရစ် ဘတ်စကတ်ဘော အသင်းက ဘာစီလိုနာကို ရှုံးသွားပါတယ်။

play

 

ရာမို့စ်ရဲ့ ကောင်မလေးက စပိန်မှာ ရုပ်သံအစီအစဉ် တင်ဆက်သူ ဖြစ်ပါတယ်။ ရာမို့စ်တို့ရဲ့ ရီးရဲလ်မက်ဒရစ် အသင်းက ဆောင်းရာသီ လာလီဂါပြိုင်ပွဲ ခေတ္တနားသွားချိန်မှာ ဘာစီလိုနာနဲ့ နှစ်မှတ်အကွာမှာ ရပ်တည်နေရပါတယ်။

Source & Photos: dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ