Entertainment: ဘာသာပေါင်းစုံ ကိုယ်စားပြု ချစ်ကြည်ရေး ဂီတဖျော်ဖြေပွဲ မန္တလေးမြို့တွင် ကျင်းပမည်

ဘာသာတစ်ခုနှင့်တစ်ခု အပြန်အလှန်အတူတကွ ဘုရားဖူးသွားခြင်း၊ စုပေါင်းတရားထိုင်ခြင်းများ အစရှိသော ဘာသာတရားအချင်းချင်း ချစ်ကြည်ရင်းနှီးစေရန်လှုပ်ရှားမှုများကို လစဉ်ပြုလုပ်လျက်ရှိသည်။

play

 

၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် ဘာသာပေါင်းစုံကိုယ်စားပြု ချစ်ကြည်ရေးဂီတဖျော်ဖြေပွဲကို မန္တလေးမြို့ ၊ စိန့်သောမတ်(စ်) ခရစ်ယာန်ရဟန်းဖြစ်သင်ကျောင်း (၃၅ လမ်း၊ ၆၉×၇၀)တွင် ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အိပ်မက်ဆုံရာ (ရာသက်ပန်) နှင့် Melody World မှ အနုပညာရှင်များ၊ မန္တလေးမြို့ ဂီတအဖွဲ့များဖြစ်သော  Skunx ၊ Romantic ၊ MCYC (Band) အဖွဲ့များက  ဘာသာကြီး(၄)ခုကို ကိုယ်စားပြု သီဆိုဖျော်ဖြေမှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

play

 

မန္တလေးမြို့တွင် ဗုဒ္ဓဘာသာ၊ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ ဘာသာကြီး (၄)ခုမှ ဘာသာပေါင်းစုံလူငယ်များ စုပေါင်း၍ အတူတကွ စုပေါင်းတွေ့ဆုံဆွေးနွေးခြင်း၊ ဘာသာတစ်ခုနှင့်တစ်ခု အပြန်အလှန်အတူတကွ ဘုရားဖူးသွားခြင်း၊ စုပေါင်းတရားထိုင်ခြင်းများ အစရှိသော ဘာသာတရားအချင်းချင်း ချစ်ကြည်ရင်းနှီးစေရန်လှုပ်ရှားမှုများကို လစဉ်ပြုလုပ်လျက်ရှိသည်။


Source: 7 Day Daily

Photo: bookingyourtravel, myanmarinsider

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ