Entertainment: မင်းသမီးမဖြစ်ခင်တုန်းက စားစရာမရှိ ဖြစ်ခဲ့ဖူးတဲ့ ဂျနီဖာလောရင့်စ်

တိုက်ခန်းကျဉ်းလေးမှာ နေထိုင်ပြီး မင်းသမီးဖြစ်ဖို့ ကြိုးစားနေစဉ်တုန်းက သူမမှာလည်း ဒုက္ခအခက်အခဲ မျိုးစုံ ရှိခဲ့ဖူးပါတယ်။

play

 

နာမည်ကျော်မင်းသမီးတစ်ယောက် မဖြစ်သေးခင် နယူးယော့ခ်မြို့က တိုက်ခန်းလေးတစ်ခန်းမှာ ငှားနေခဲ့ရတုန်းက ကြွက်ကိုက်ထားတဲ့ အစားအစာတွေကိုတောင် စားခဲ့ဖူးတယ်လို့ ဟောလီးဝုဒ်မင်းသမီး ဂျနီဖာလောရင့်စ်က ဝန်ခံလိုက်ပါတယ်။ အခုတော့ သူမက ဟောလီးဝုဒ်မှာ သရုပ်ဆောင်ကြေး အများဆုံး ရတဲ့ မင်းသမီး တစ်ဦးဖြစ်နေပါပြီ။

play

 

သူမက ၁၄ နှစ်အရွယ်မှာ အိမ်ကထွက်ခဲ့ပြီးနောက် မင်းသမီးဖြစ်ဖို့ ကြိုးစားခဲ့တာပါ။ “ ဒီကြွက်တွေနဲ့ပဲ ကျွန်မ တိုက်ခန်းထဲမှာ နေထိုင်ခဲ့ရတာ။ အရမ်းကို ခက်ခဲခဲ့တယ်။ ပိုက်ဆံတစ်ပြားမှ မရှိသေးတဲ့ ဘဝဆိုတော့လည်း ဒီလိုပဲ ကြွက်တွေနဲ့ မျှစားခဲ့ရတာပေါ့။ တစ်ခါတစ်လေများ ပေါင်မုန့်ကို ကျွန်မမစားခင် ကြွက်ကိုက်သွားခဲ့ရင်လည်း အဲဒီနေရာလေးကို ဖယ်ပြီး စားလိုက်ရတာပါပဲ” လို့ ဂျနီဖာလောရင့်စ်က ပြောပါတယ်။

အခုအအောင်မြင်ဆုံး မင်းသမီးဖြစ်နေတဲ့ ဂျနီလောရင့်စ်လည်း ဒီလိုဆင်းရဲနုံချာတဲ့ ဘဝကို ဖြတ်သန်းခဲ့ရဖူးပါတယ်။

Source : joe

Photos: foxnews

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ