Entertainment: စာအုပ်တစ်အုပ်ပဲ ရောင်းတဲ့ စာအုပ်ဆိုင်

တစ်ဆိုင်လုံးမှာလည်း ရောင်းစရာ ဒီတစ်အုပ်ပဲရှိပါတယ်။

play

 

စာအုပ်ဆိုင်တစ်ဆိုင်ထဲ ဝင်သွားပြီး စာအုပ်တွေ အများကြီးကို လျှောက်ကြည့်ရတာ စာသမားတွေပဲသိတဲ့ အရသာပါ။ ဒါပေမဲ့ စာအုပ်တွေအများကြီးဝယ်ပြီး တစ်အုပ်မှ မဖတ်ဖြစ်သေးဘဲ အကြွေးတင်နေပြီလို့ စာသမားတွေက ငြီးလေ့ရှိကြပါတယ်။

play

 

ဒီလိုမျိုးစာသမားတွေအတွက် ဂျပန်နိုင်ငံက စာအုပ်ဆိုင်တစ်ဆိုင်က စာအုပ်တစ်အုပ်ကိုပဲ ရောင်းချနေပါတယ်။ တစ်ဆိုင်လုံးမှာလည်း ရောင်းစရာ ဒီတစ်အုပ်ပဲရှိပါတယ်။ ဒါပေမဲ့ ရောင်းချတဲ့စာအုပ်ကို  တစ်ပတ်တစ်ခါ ပြောင်းလေ့ရှိတယ်လို့ သိရပါတယ်။

play

 

ဒီလိုမျိုးရောင်းချတဲ့အတွက် အားသာချက်တွေ အများကြီးရှိပါတယ်။ ဥပမာ ပန်းအကြောင်းနဲ့ပက်သက်တဲ့ စာအုပ်ရောင်းမယ်ဆို တစ်ဆိုင်လုံး ပန်းတွေခင်းကျင်းထားတာမျိုးဖြစ်ပါတယ်။ ရောင်းချမယ့် စာအုပ်ရဲ့နောက်ခံအကြောင်းအရာတွေကို ပြင်ဆင်ပေးတာ၊ စာရေးဆရာကို ဖိတ်ကြားတာတွေကိုလည်း လုပ်ဆောင်ထားနိုင်တယ်လို့ သိရပါတယ်။ မိုရီယိုကို ဆိုတဲ့ လူတစ်ဦးတည်းက ဒီဆိုင်လေးကို ဖွင့်လှစ်ရောင်းချနေတာဖြစ်ပါတယ်။

Photos & Sources: The Gurdians

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ