Entertainment: ရဲရင့်အောင်နှင့် လွှမ်းပိုင်၏ ဇာတ်ကားများ ၂၀၁၆ တွင် ထွက်မည်

အဆိုတော် လွှမ်းပိုင်နှင့် ရဲရင့်အောင်တို့ကို ခေါင်းဆောင်တင် ရိုက်ကူးထားသည့် ဇာတ်ကားများကို ၂၀၁၆ အတွင်း စတင် ဖြန့်ချိပေးမည်ဖြစ်ကြောင်း သိရသည်။

play

 

လွှမ်းပိုင်နှင့် ရဲရင့်အောင်တို့ ခေါင်းဆောင်သည့် ဗီဒီယို ၅ ကားကို ရိုက်ကူးထားပြီးဖြစ်ပြီး ယင်းဇာတ်ကားများကို ဇန်နဝါရီလမှ  စတင်ဖြန့်ချိမည်ဟု ဇာတ်ကားထုတ်လုပ်သူ ကိုဘိုစန်းက ပြောသည်။

 ‘‘ဒီဇာတ်ကားတွေကို ပရီစနစ်နဲ့ ဖြန့်ချိပေးသွားမှာပါ။ ဇန်နဝါရီ ၁၇ ရက်လောက်ဖြန့်ဖို့ စီစဉ်ထားပါတယ်။ ဇန်နဝါရီကနေစပြီး တစ်ယောက်တစ်ကား တစ်လကို နှစ်ကားနှုန်း ဆက်တိုက် ဖြန့်ချိပေးသွားမှာပါ’’ဟု ကိုဘိုစန်းက ပြော သည်။

လွှမ်းပိုင်နှင့် ရဲရင့်အောင်တို့ ၏ ဗီဒီယိုဇာတ်ကားများ မိတ်ဆက်သည့် အခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက်က ကန်တော်ကြီး ကရဝိက် ဥယျာဉ်ကမ္ဘာတွင် ပြုလုပ်ခဲ့ပြီး လွှမ်းပိုင်၏ ‘ဂျာကင် အဟောင်းလေး’၊ ‘67 ပလာဇာ’၊ ရဲရင့်အောင်၏ ‘ကြူစီဂိမ်း’၊ ‘Waiting For You’နှင့် ‘ဟဲ့’ ဇာတ်ကားနမူနာများကို ပြသပေးခဲ့သည်။

Source & Photo :7day

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ