Entertainment: ကင်ဆာရောဂါနဲ့ သေဆုံးသွားတဲ့ မလေးရှား မင်းသမီး

အသက် ၃၀ နှစ် သာ ရှိသေးတဲ့ မလေးရှား မင်းသမီး တစ်ဖနီလီယွန်ဟာ ဒီဇင်ဘာလ ၂၈ ရက်မှာ ကင်ဆာရောဂါကြောင့် သေဆုံးသွားခဲ့ပါတယ်။

play

 

ကျိုးကျီလို့လည်း လူသိများတဲ့ လီယွန်ဟာ ကင်ဆာရောဂါ တစ်မျိုးဖြစ်တဲ့ multiple endocrine neoplasia (MEN) ရောဂါလက္ခဏာကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ခံစားခဲ့ရပါတယ်။

ဆေးကုသစဉ်မှာ သူမရဲ့ အသည်း ၆၀ ရာခိုင်နှုန်းခန့်ကိုလည်း ဖယ်ရှားခဲ့ရပါတယ်။

play

 

ဒီနှစ်အစောပိုင်းမှာ မလေးရှားရုပ်ရှင်လောကကို သူမပြန်ရောက်လာခဲ့ပေမဲ့ ရောဂါဆိုးရွားလာတာကြောင့် ရပ်နားလိုက်ရပါတယ်။

လီယွန်ဟာ စင်ကာပူ ရုပ်မြင်သံကြားဇာတ်လမ်းတွေမှာ မင်းသမီး မဖြစ်ခင် မလေးရှားနိုင်ငံရဲ့ အောင်မြင်တဲ့ တီဗီအစီအစဉ်မှူးနဲ့ မော်ဒယ် ဖြစ်ခဲ့ပါတယ်။

သူမဟာ စင်ကာပူနိုင်ငံရဲ့ 2011 Star Awards  မှာ ပေါ်ပြူလာအဖြစ်ဆုံး အမျိုးသမီး ၁၀ ဦးထဲမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။

play

 

စင်ကာပူ မင်းသမီးကြီး ရှင်းယန်က ဖေ့စ်ဘွတ်ခ်မှာ လီယွန်ကို နှုတ်ဆက်တဲ့ ဝမ်းနည်းဖွယ် စာတစ်စောင်ကို ရေးသားခဲ့ပါတယ်။

“သူမဟာ ငယ်ရွယ်တယ်၊ ဗဟုသုတကြွယ်တယ်၊ ပါရမီရှိတယ်၊ လှတယ်၊ ကျိုးနွံတယ်၊ ကြင်နာတတ်တယ်၊ အလုပ်ကြိုးစားတယ်၊ ပြောရမယ်ဆိုရင်တော့ အများကြီးပါပဲ။ နူးညံ့သိမ်မွေ့တဲ့ မင်းကို တို့အမြဲ သတိရနေမှာပါ” လို့ ရှင်းယန်က ရေးသားခဲ့တာပါ။


Source & Photos : Straits Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ