Entertainment: သရုပ်ဆောင်ရတာ ပိုပျော်တဲ့ နန်းဆုဦး

ဂီတနှင့် ရုပ်ရှင် နှစ်ခုစလုံးကို တွဲဖက်လုပ်ဆောင်နေပေမဲ့ သရုပ်ဆောင်ပိုင်းကို ပိုနှစ်သက်လို့ ဇာတ်ကားတွေ ပိုမိုရိုက်ကူး ဖြစ်နေတယ်လို့ သရုပ်ဆောင် နန်းဆုဦး က ပြောလာပါတယ်။

play
ရိုက်ကွင်းတစ်ခုမှာတွေ့ရတဲ့ နန်းဆုဦးနဲ့ ဂွမ်းပုံ။

 

‘‘နှစ်ဖက်ခွပြီး လုပ်ရမှာ မလုပ်ချင်လို့ပါ။ သူများတွေဆို အယ်လ်ဘမ်တွေ ထုတ်တယ်။ နန်းဆုကတော့ အဲဒီလိုမလုပ်ချင် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စီးရီးမှာလည်း အားစိုက်၊ ဒီဘက်မှာလည်း အားစိုက်ဆိုရင် တစ်ဖက်ဖက်မှာ လျော့သွားမှာစိုးလို့ပါ’’လို့ နန်းဆုဦးက ပြေပါတယ်။

play

 

သရုပ်ဆောင်ရတကို ကြိုက်သလို ပျော်လည်း ပျော်ရွှင်တာကြောင့် သီချင်းဆိုတာထက်  ဇာတ်ကားတွေ ပိုရိုက်ဖြစ်တာပါလို့  ဆိုလာတဲ့ နန်းဆုဦးဟာ လတ်တလော အနုပညာလှုပ်ရှားမှုအဖြစ်   ဘန်ကောက်မှာ ဇေရဲထက်နှင့် ဇာတ်ကား နှစ်ကား ရိုက်ကူးထားပြီး ရိုက်လက်စ ရုပ်ရှင်တစ်ကားလည်း ဆက်လက် ရိုက်ကူးနေပါတယ်တဲ့။

play
ရဲအောင်၊ ကောင်းပြည့်နဲ့ နန်းဆုဦးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ RUN

 

‘‘ဇန်နဝါရီ ၁ ရက်မှာ ရုပ်ရှင် ကားကြီးတစ်ကား ထပ်ရိုက်ရမယ်။ သရဲကား၊ ဦးညို (ညိုမင်းလွင်) ရိုက်မှာ’’ လို့ သူမက ဆိုပါတယ်။


Sourcev:7day

Photos : Nan Su Oo’s Facebook Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ