Entertainment: ရိန်းနဲ့ ဒရာမာကားသစ် ရိုက်ကူးမယ့် လီမင်ဂျွန်

အဆိုပါ ဒရာမာဇာတ်ကားမှာ လီမင်ဂျွန်ဟာ ရှင်ဒါဟီးလို့အမည်ရတဲ့ ဈေးဝယ်ကုန်တိုက် ဝန်ထမ်းတစ်ယောက်နေရာကနေ သရုပ်ဆောင်မှာဖြစ်ပါတယ်။

play

 

မင်းသမီး လီမင်ဂျွန်ဟာ ရိန်းနဲ့အတူ SBS က ရိုက်ကူးတဲ့ “Please Come Back, Mister” ဒရာမာဇာတ်ကား ရိုက်ကူးဖို့ သူမရဲ့ အေဂျင်စီဖြစ်တဲ့ MSteam Entertainment က အတည်ပြုခဲ့ပါတယ်။

play

 

အဆိုပါ ဒရာမာဇာတ်ကားမှာ လီမင်ဂျွန်ဟာ ရှင်ဒါဟီးလို့အမည်ရတဲ့ ဈေးဝယ်ကုန်တိုက် ဝန်ထမ်းတစ်ယောက်နေရာကနေ သရုပ်ဆောင်မှာဖြစ်ပါတယ်။ သူမရဲ့ အမျိုးသားဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက် ဈေးဝယ်ကုန်တိုက်မှာ အလုပ် လုပ်ကိုင်နေရင်း ယခင်အလုပ်မှာ ပင်ပင်ပန်းပန်းလုပ်ကိုင်ခဲ့ပြီး အခုအခါမှာ ဘဝကို အသစ်ကနေ ပြန်စဖို့ အခွင့်အရေးရခဲ့တဲ့ အသက် (၃၀) အရွယ်ရှိတဲ့ ဆိုင်ခွဲမန်နေဂျာဖြစ်သူ ရိန်းနဲ့တွေ့ဆုံခဲ့ပုံကို  ရိုက်ကူးသွားမှာပါ။

play

 

ဇာတ်ကားကို ရိုက်ကူးရာမှာတော့ ဂျပန်စာရေးဆရာဖြစ်သူ အာစားဒါ ဂျီရိုရဲ့ “Mr. Tsubakiyama’s Seven Days” စာအုပ်ပေါ်မှာ အခြေခံထားတာဖြစ်ပြီး ရှင်သန်ခြင်း ၊ သေခြင်းတရား၊ အချစ်ရေးနှင့် ပျော်ရွှင်ခြင်းတို့ကို မြင်တွေ့ရမှာဖြစ်ပြီး လာမယ့်နှစ် မတ်လ လောက်မှ ပြသသွားဖို့ရှိပါတယ်။

Source: Soompi

Photo: Tumblr, Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ