Entertainment: မုန်တိုင်းထဲတွင် ငှက်ပစ်ထွက်တဲ့ ကန်းထရီး အဆိုတော် ပျောက်ဆုံး

ကန်းထရီး အဆိုတော် ခရိတ် စထရစ်ခ်လန်းဟာ ပြင်းထန်လှတဲ့ မုန်တိုင်းထဲမှာ သူငယ်ချင်းတစ်ယောက်နဲ့ ငှက်ပစ်ထွက်ရင်း ပျောက်ဆုံးသွားခဲ့ပါတယ်။

play

 

“ကျွန်တော်တို့ ပြန်မလာခဲ့ရင် သိအောင်လို့ပါ။ BackrodCRAIG နဲ့ ကျွန်တော် ဥက္ကလာဟိုးမားက ဘဲတွေကို သတ်ဖို့ မုန်တိုင်းကြားထဲက သွားနေပြီ” လို့ ခရိတ်ရဲ့ အမဲလိုက်အဖော် ချေ့စ် မာလန်က ပြီးခဲ့တဲ့ စနေနေ့က တွစ်တာမှာ ရေးခဲ့ပါသေးတယ်။

သူတို့နှစ်ယောက်ရဲ့ လှေကိုတော့ ဒီဇင်ဘာလ ၂၈ ရက် ညသန်းခေါင်းယံမှာ မှောက်လျက်သား တွေ့ရှိခဲ့ပါတယ်။

စိတ်မကောင်းစရာပါပဲ။ အသက် ၂၂ နှစ်အရွယ် မာလန်ရဲ့ အလောင်းကိုတော့ ဒီဇင်ဘာလ ၂၈ ရက် မနက် ၁၁ နာရီ ဝန်းကျင်လောက်မှာ ရဲအရာရှိများက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

play

 

ရာသီဥတုဆိုးရွားတာကြောင့် စထရစ်ခ်လန်းကို ရှာဖွေမှုကို ခေတ္တရပ်နားခဲ့ပေမဲ့လည်း ၂၉ ရက်မှာ ပြန်စမယ်လို့ သူ့ရဲ့ အဖေ ရန်ဒီက တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် စထရစ်ခ်လန်းဟာ Backroad Anthem ကမ်းထရီးရော့ခ်ဂီတအဖွဲ့ရဲ့ ခေါင်းဆောင်အဆိုတော်နဲ့  အကူးစတစ် ဂစ်တာသမားဖြစ်ပါတယ်။


Source & Photos : MSN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ