Entertainment: အချစ်က လူကို နုပျိုစေသလား

ခရစ္စမတ် မတိုင်ခင် နှင်းတွေဝေတဲ့ တောင်ပေါ်မှာ မင်္ဂလာပွဲ ကျင်းပရတဲ့ ပျော်ရွှင်မှုလား၊ အချစ်ကပဲ လူကို နုပျိုစေတာလား။

play

 

အမေရိကန်နိုင်ငံသူ မော်ဒယ်နဲ့ ရုပ်မြင်သံကြား အစီအစဉ်မှူး ဒေစီ ဖွန်းတက်စ်ဟာ အသက် ၄၉ နှစ်ရှိနေပြီ ဖြစ်ပေမယ့် အသက် ၄၀ လို့တောင် မထင်ရပါဘူး။

play

 

အဲဒါဟာ မိတ်ကပ်ကြောင်းလို့ ထင်နေမယ်ဆိုရင် သူ့ရဲ့ နောက်ထပ် ဓာတ်ပုံ တစ်ပုံကို ကြည့်လိုက်ပါ။ မနက်ခင်း အိပ်ရာထချိန် သူမကိုယ်တိုင်ရိုက်ထားတဲ့ ဆယ်ဖီပုံထဲမှာတောင် အသက် ၃၉ နှစ်လောက်ပဲ ထင်ရပါတယ်။

play
ဒေစီရဲ့ မနက်ခင်း ဆယ်ဖီပုံ

 

ဒေစီနဲ့ အဆိုတော် ရစ်ချက်မာ့ဇ်တို့ နှစ်ဦးဟာ ကော်လိုရာဒိုရဲ့ တောင်တန်းတွေထူပြောတဲ့ အက်စ်ပန်မြို့မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

play

 

နှင်းတောထဲမှာ ရိုက်ထားတဲ့ ပုံတွေထဲမှာ ပျော်ရွှင်ကြည်နူးနေကြတဲ့ ကြင်စဦး ဇနီးမောင်နှံကို မြင်တွေ့ရမှာဖြစ်ပြီး ဒေစီကတော့ မင်္ဂလာဆောင်ချိန်ကစပြီး ပိုလို့တောင် နုပျိုချောမောလာတာဟာ သတိမထားဘဲ မနေနိုင်အောင်ပါပဲ။

Source & Photos : Fish Wrapper

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ