Entertainment: အမေက သူ့ကို ဆုတစ်ဆုလိုသာ သဘောထားတယ်လို့ ပြောတဲ့ မက်ဒေါနားရဲ့သား

မက်ဒေါနားရဲ့ ခင်ပွန်းဟောင်း ဂေးရစ်ချီအနေနဲ့ ဘာမှ လုပ်စရာတောင် မလိုတော့ပါဘူး။ မက်ဒေါနားရဲ့သား ရော့ကိုက လန်ဒန်မှာပဲ နေဖို့ ဆုံးဖြတ်လိုက်ပါပြီ။

play

 

ရော့ကိုဟာ မက်ဒေါနားရဲ့ ဘဝနေထိုင်မှုပုံစံနဲ့ အုပ်ထိန်းမှုကို စိတ်ကုန်နေတယ်လို့ သိရပါတယ်။

အမေနဲ့ အတူနေရတဲ့ ဘဝကို ရော့ကိုက စိတ်ပျက်နေကြောင်း မက်ဒေါနားရဲ့ ကမ္ဘာလှည့်ဖျော်ဖြေမှုမှာ ပါဝင်ခဲ့တဲ့သူတွေက ပြောပါတယ်။

play

“တော်တော်ဆိုးတယ်။ အော်ဟစ်ငိုယိုပြီး အကြီးအကျယ်တွေ ရန်ဖြစ်ကြတာ” လို့ တစ်ဦးက ပြောပါတယ်။

သားအမိနှစ်ယောက်ကြားက ဆက်ဆံရေးဟာ ဒီဇင်ဘာလ လန်ဒန်ရှိုးပွဲတွေမှာ ပိုမိုဆိုးရွားလာပြီး ရော့ကိုက သူ့ရဲ့အဖေကို သူဘယ်လိုမှ မနေနိုင်ကြောင်း ပြောခဲ့ပါတယ်။ ခရီးသွားရတာတွေနဲ့ ရန်ဖြစ်ရတာတွေ သူ သည်းမခံနိုင်တော့ပါဘူး။

play
ရော့ကိုနဲ့ ဂိုင်းရစ်ချီ

 

မက်ဒေါနားက သူ့ကို ဆက်ဆံတာ သားတစ်ယောက်ဆိုတာထက် အောင်ပွဲရ ဆုတစ်ဆုလို ဖြစ်နေတယ်လို့ ခံစားရတယ်နေရတယ်လို့ ရော့ကိုက သူ့အဖေကို ပြောခဲ့တယ်လို့ သတင်းပေးတွေက ပြောပြခဲ့ပါတယ်။

အခုဆိုရင် မက်ဒေါနားက သူ့အဖေရဲ့ တည်ငြိမ်တဲ့ဘဝနဲ့ သူက အဖေနဲ့ပဲ နေလိုတဲ့အတွက် အဖေ့ကို မနာလိုဖြစ်နေပြီလို့ ရော့ကိုက ထင်နေပါတယ်။

play

 

ရော့ကိုကို နယူးယော့ခ်ပြန်ပြီး မိခင်နဲ့ ဆွေးနွေးဖို့ တရားရုံးက အမိန့်ချထားပါတယ်။ သူ့ရဲ့စိတ်ခံစားချက် ပြောင်းလဲသွားမလား၊ သူ့ရဲ့စိတ်ဆန္ဒကို တရားသူကြီးက ဘယ်လောက် အလေးထားပေးမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပေါ့။

Source & Photos : TMZ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ