Entertainment: မှတ်တမ်းရုပ်ရှင်အတွက် ဘက်ခမ်းရဲ့ ခရီးစဉ် ပုံရိပ်များ

ဘက်ခမ်းရဲ့ ၁၀ ရက်တာ ခရီးစဉ် ပုံရိပ်တွေကို ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်ပါတယ်။

play
ပါပူးအာနယူးဂီနီမှ ကလေးငယ်တွေနှင့်အတူ တွေ့ရသည့် ဒေးဗစ် ဘက်ခမ်း

 

ဘီဘီစီ မှတ်တမ်းရုပ်ရှင် အစီအစဉ် Fot the Love of the Game အတွက် ဒေးဗစ် ဘက်ခမ်းတစ်ယောက် ကမ္ဘာ့ တိုက်ကြီး ၇ တိုက်ကို ဖြတ်သန်းပြီး ဘောလုံးပွဲ ၇ ပွဲကစားဖို့ ခရီးသွားခဲ့ပါတယ်။

play
ပါပူးအာနယူးဂီနီမှ ကျေးရွာလေးမှ ကလေးတစ်ဦးနှင့်အတူ တွေ့ရသည့် ဘက်ခမ်း

 

ဘက်ခမ်းရဲ့ ၁၀ ရက်တာ ခရီးစဉ် ပုံရိပ်တွေကို ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်ပါတယ်။ ဒီ ပုံရိပ်တွေထဲမှာ ဘောလုံးကစားခြင်းက ဘဝမျိုးစုံမှ လူတွေကြားထဲမှာ နှစ်သက်တတ်ကြတဲ့ အလေ့အထကို မြင်တွေ့နိုင်ပါတယ်။

play
နီပေါနိုင်ငံ ကျောင်းတစ်ကျောင်းမှ ကလေးများနှင့်အတူ တွေရသည့် ဘက်ခမ်း

 

ဘက်ခမ်းက ကမ္ဘာ့အဆင်ရဲဆုံး ဒေသတွေဆီ အရောက်သွားပြီး ဒေသခံတွေနဲ့ ဘောလုံးကစားခဲ့သလို ဆင်းရဲနွမ်းပါလှတဲ့ ကလေးငယ်တွေနဲ့လည်း အတူတကွ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

play
ဂျီဘူတီနိုင်ငံမှာ ဒေသခံတွေနှင့်အတူ ဘောလုံးကစားနေသည့် ဘက်ခမ်း

 

ဘက်ခမ်းက သူ့ရဲ့ခရီးစဉ်အတွင်း နီပေါမှ ငလျင်ဒဏ်ခံ ဒေသ၊ ဂျီဘူတီမှ ဒုက္ခသည်စခန်း၊ ပါပူးအာနယူးဂီနီမှ ကျေးရွာတစ်ရွာ၊ အာဂျင်တီးနားမှ ဗျူနိုအေရီစ်၊ အန္တာတိကတိုက်မှ ဂျော့ဂ်ျဘုရင်ကျွန်း စတဲ့ နေရာတွေကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

play
ဂျီဘူတီမှာ ဘောလုံးမကစားမီ ဘက်ခမ်းနှင့် ဒေသခံများ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့စဉ်
play
နီပေါနိုင်ငံမှ ကျောင်းတွင် ကလေးငယ်များနှင့်အတူ ဘက်ခမ်းကို တွေရစဉ်
play
ပါပူးအာ နယူးဂီနီမှ ဒေသခံ နှစ်ဦးနှင့် ဘက်ခမ်း
play
နီပေါမှ ငလျင်ဒဏ်ခံ ဒေသကို လှည့်လည်ကြည့်ရှုခဲ့သည့် ဘက်ခမ်း
play
အန္တာတိကမှာ တွေရသည့် ဘက်ခမ်း
play
အာဂျင်တီးနားမှာ ဘောလုံးကစားခဲ့သည့် ဘက်ခမ်း

 


Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ