play

 

၂ဝ၁၆ ခုနှစ် ၊ ဇန်နဝါရီလ (၂) ရက် ၊ ည (၇) နာရီတွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌  သုဝဏ္ဏသာမဇာတ်တော်ကြီးအား အများပြည်သူများအတွက် အခမဲ့ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။

play

 

အဆိုပါ ဖျော်ဖြေတင်ဆက်မှုတွင် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာများ၊ အကအလှပဒေသာယိမ်းများ၊ ရွှေတံဆိပ်ဆုများရှင် ခေါင်းဆောင်မင်းသမီး သန္တာလင်း၊ ရှေ့ထွက်မင်းသမီး ဇာနည်အောင်၊ လူရွှင်တော်အာပြဲ၊ စတားဝမ်းတူး၊ ရောင်နီ၊ ရောင်ပြန်၊ လမုန့်၊ ငွေတိုးတို့ ပါဝင်သည့် ''ရွှေမြန်မာအငြိမ့်''နှင့် ရွှေတံဆိပ်ဆုများရှင် မင်းသား တက္ကသိုလ် အားမာန်၊ ဇေယျာလင်း၊ သိန်းထွန်းဦး၊ မင်းသမီး ဆောင်းနှင်းဝေဝေနှင့် အနုပညာရှင်များပါဝင် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။

Source: MOI Webportal Myanmar

Photo: 7daydaily, mymosaicpages

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video