Entertainment: ပြေတီဦးအကြောင်း အိန္ဒြာကျော်ဇင် ရင်ဖွင့်

ဖေ့စ်ဘွတ်သုံးလွန်းတဲ့ ခင်ပွန်းအကြောင်းကို ဟာသလေးနဲ့ ရေးထားတာပါ။

play

 

လက်ရှိအချိန်မှာ အနုပညာ လုပ်ငန်းတွေကို နားထားပြီး ကလေးထိန်းနေတဲ့ အိန္ဒြာကျော်ဇင်ကတော့ သူ့မရဲ့ ခင်ပွန်းအကြောင်းကို ဖွင့်ထုတ် ပြောလိုက်ပါပြီ။

အရင်ကတော့ သူမကို ဖေ့စ်ဘုတ် အရမ်းသုံးတယ်လို့ ပြေတီဦးက ပြောဆိုခဲ့ပြီး သူကိုယ်တိုင်ကလည်း ဖေ့စ်ဘွတ်မသုံးဘူးလို့ ငြင်းခဲ့တာပါ။ အိန္ဒြာကျော်ဇင်က ဘယ်လောက်ပဲ တိုက်တွန်းပါစေ ပြေတီဦးက ဖေ့စ်ဘွတ်သုံးဖို့ ငြင်းဆန်တာကြောင့် လက်လျော့ခဲ့ရပါတယ်။

play

 

ခုတော့ ပြေတီဦးကို ဖေ့စ်ဘွတ်သုံးခိုင်းမိတာ မှားပါပြီလို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။ ပြေတီဦးတစ်ယောက် မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်ချိန်ကနေ မျက်စိပိတ်ချိန်အထိ တစ်နေကုန် ဖေ့စ်ဘွတ်သုံးနေလို့ပါပဲ။ သူမကတော့ ဖေ့စ်ဘွတ်သုံးမယ်ကြံတိုင်း သမီးကြီးကိုထိန်းရ သားငယ်ကို ထိန်းရနဲ့ အလုပ်တွေရှုပ်နေလို့ ဖေ့စ်ဘွတ်တောင် မသုံးနိုင်တော့ပါဘူးတဲ့။ ပြေတီဦးကတော့ ဖေ့စ်ဘုတ်ပေါ်မှာ ပရိတ်သတ်တွေနဲ့ အပြန်အလှန် စကားတွေပြောနေတာကိုလည်း မနာလိုဘူးရယ်လို့ ချစ်စနိုးနဲ့ ဟာသနှောပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။

ဓာတ်ပုံ - ပြေတီဦးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ