AD
AD
AD
play

 

ကာညေးဝက်စ်က သူ့ရဲ့ဇနီး ကင်မ်ကာဒါရှီယန်ကို ခရစ္စမတ်လက်ဆောင်ထုပ် ၁၅၀ ပေးပြီး အံ့သြအောင် လုပ်ခဲ့ပါတယ်။

play

 

အသက် ၃၅ နှစ်အရွယ် ကင်မ်ဟာ သူမရဲ့ ဝက်ဘ်ဆိုဒ်ကနေတစ်ဆင့် ခင်ပွန်းသည် ရက်ပါကြီးပေးတဲ့ အညိုရောင် ဖဲကြိုးတွေနဲ့ချည်ထားတဲ့ လက်ဆောင်ထုပ်တွေကို ပြသခဲ့ပါတယ်။

အဲဒီလက်ဆောင်တွေထဲမှာ သက်တန့်ရောင် သားမွေးကုတ်အင်္က်ျီတစ်ထည်၊ Louis Vuitton တစ်ထည်၊ Prada တံဆိပ် တစ်ဆက်တည်း ဝတ်စုံတို့လည်း ပါဝင်ပါတယ်။

play

 

“သူက သူ့လက်ထောက်ကို အီတလီကို လွှတ်ပြီး Skype ကတစ်ဆင့် ဝယ်ခဲ့တာပါ” လို့ ကင်မ်က ကြွားလုံးထုတ်ခဲ့ပါသေးတယ်။

ကာညေးရဲ့ သီချင်းအယ်လ်ဘမ်အသစ်ကို နားဆင်ရင်း မိသားစုတစ်စုလုံးက လက်ဆောင်ထုပ်တွေကို ဖွင့်ဖောက်ခဲ့ပါတယ်။

“ကလေးမနိုးခင် ဒါကို မြန်မြန်ပြီးအောင် လုပ်နေရတယ်” လို့ မွေးကာစ ကလေးငယ်လေး စိန့်ဝက်စ်ရဲ့ အမေ ကင်မ်က ပြောခဲ့ပါတယ်။

Source & Photos : US Magazine

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD