Entertainment: "အာရှတိုက်ရဲ့ မင်းသား" ဆိုတာကို ပြသလိုက်တဲ့ စာအုပ်မျက်နှာဖုံးဒီဇိုင်းပေါ်က လီကွမ်ဆူး

Esquire Hong Kong magazine မှ ၂၀၁၆ ခုနှစ် ၊ ဇန်နဝါရီလထုတ် မျက်နှာဖုံးဒီဇိုင်းအတွက် နှစ်သစ်ရဲ့ ပထမဆုံးဓာတ်ပုံ ရိုက်ကူးပေးခဲ့ပြီ

play

 

Running Man အဖွဲ့ဝင်တစ်ဦးဖြစ်သလို “အာရှတိုက်ရဲ့ မင်းသား” တစ်လက်ဖြစ်တဲ့ လီကွမ်ဆူး (Lee Kwang Soo) တစ်ယောက် Esquire Hong Kong magazine ရဲ့ ၂၀၁၆ ခုနှစ် ၊ ဇန်နဝါရီလထုတ် ပထမဆုံး မျက်နှာဖုံးကာဗာအတွက် ဓာတ်ပုံရိုက်ကူးပေးခဲ့ပြီး သူဟာ အာရှတိုက်ရဲ့ အအောင်အမြင်ဆုံး ကြယ်ပွင့်တစ်ပွင့်ဆိုတာကို အားလုံးကို သက်သေပြလိုက်ပါပြီ။

play

 

မျက်နှာဖုံး ဓာတ်ပုံရိုက်ကူးစဉ် လီကွမ်ဆူးတစ်ယောက်ဟာ နာမည်ကြီး Hugo Boss အမှတ်တံဆိပ် အဝတ်အထည် မျိုးစုံကို စတိုင်လ်ကျခေတ်မီအောင် ဝတ်ဆင်ပြီး စွဲမက်ဖွယ်ရာ အမှုအရာများအပြင် သူ့ရဲ့ဆူးရှတဲ့ အကြည့်တွေနဲ့ပါ ပရိသတ်တွေကို ဆွဲဆောင်ထားပါတယ်။

play

 

၂၀၁၆ ခုနှစ် ၊ ဇန်နဝါရီလ (၁) ရက်နေ့မှာ ထုတ်လွှင့်ပြသမယ့် SBS ရဲ့ (၂) ခန်းတွဲ ၊ ဒရာမာကား အသစ်ဖြစ်တဲ့ “Puck!” မှာလည်း သူဟာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Source & Photo: Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ