Entertainment: လှူဒါန်းမှု အများဆုံး ဆယ်လီ စာရင်းမှာ (၄) နှစ် ဆက်တိုက်ပါတဲ့ တေလာဆွစ်

တေလာဆွစ်ဟာ သူမရဲ့ ရက်ရောတဲ့ လှူဒါန်းမှုတွေနဲ့ ကြင်နာတဲ့ အပြုအမူတွေကြောင့် Dosomething.org က နှစ်စဉ်ချီးမြှင့်တဲ့ Celebs Gone Good စာရင်းမှာ ထိပ်ဆုံးက ပါဝင်လာခဲ့ပါတယ်။

play

 

အသက် ၂၆ နှစ်အရွယ် တေလာဆွစ်ဟာဆိုရင် ပရိသတ်တွေအပေါ် အလေးထားတယ်လို့ နာမည်ကြီးသူပါ။

ဒီနှစ်ထဲမှာတင် တေလာရဲ့ ရှိုးပွဲကို မလာနိုင်တဲ့ သွေးကင်ဆာ ရောဂါသည် မိန်းကလေးကို ဒေါ်လာ ၅၀,၀၀၀ လှူဒါန်းခဲ့ပါသေးတယ်။

play
တေလာဆွစ် ငွေလှူဒါန်းခဲ့သော သွေးကင်ဆာ ရောဂါသည်မလေး

 

အဲဒါအပြင် Seattle Symphony အဖွဲ့ကို ဒေါ်လာ ၅၀,၀၀၀ နဲ့ ကင်ဆာရောဂါ ဖြစ်နေရှာတဲ့ သူမအဖွဲ့ထဲက အကသမားတစ်ဦးရဲ့ တူလေးအတွက်လည်း ဒေါ်လာ ၅၀,၀၀၀ လှူဒါန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း နယူးယော့ခ်က ကျောင်းခန်းတွေအတွက် စာအုပ် ၂၅,၀၀၀ လှူဒါန်းခဲ့ဖူးပါတယ်။

play

 

Dosmoething.org ဟာ လူမှုလုပ်ငန်းတွေမှာ ပါဝင်မှုအများဆုံး ဆယ်လီ ၂၀ ကို နှစ်စဉ်ရွေးချယ်လာခဲ့တာ လွန်ခဲ့တဲ့ ၈ နှစ် ကတည်းကပါ။

ဒီနှစ်အတွက် ဒုတိယနေရာမှာ ရှိနေတာက မိုင်လီဆိုင်းရက်စ်ဖြစ်ပြီး တတိယနေရာမှာ ဘီယွန်းဆေးနဲ့ စတုတ္ထနေရာကို အန်ဂျယ်လီနာ ဂျိုလီက ရရှိထားပါတယ်။

Source & Photo : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ