Entertainment: ကျန်းဇီယီ သမီးဦးမွေးဖွား

ကလေးမွေးဖွားမှုနဲ့အတူ မိသားစုလေးတစ်ခုကို ပိုင်ဆိုင်သွားပြီဖြစ်ကြောင်း မင်းသမီးက ပြောကြားခဲ့ပါတယ်။

play

 

ကမ္ဘာကျော်တရုတ်မင်းသမီး ကျန်ဇီယီဟာ ပထမဆုံး သမီးဦးလေးမွေးဖွားခဲ့ပြီ ဖြစ်ပါတယ်။  သမီးဦးလေး မွေးဖွားဖွားခဲ့ကြောင်းကို တရုတ်ဆိုရှယ်မီဒီယာ Sina Weibo မှာ ကလေးရဲ့လက်ပုံကိုတင်ပြီး ပရိတ်သတ်ကို မင်းသမီးက အသိပေးခဲ့တာ ဖြစ်ပါတယ်။ကလေးမွေးဖွားမှုနဲ့အတူ မိသားစုလေးတစ်ခုကို ပိုင်ဆိုင်သွားပြီဖြစ်ကြောင်းနဲ့ အားလုံး အဆင်ပြေပြေဖြစ်ခဲ့တယ်လို့ မင်းသမီးက ပြောကြားခဲ့ပါတယ်။

play

 

အသက် ၃၆ နှစ်အရွယ် ကျန်ဇီယီဟာ အသက် ၄၄ နှစ်အရွယ်ရော့ခ်အဆိုတော် ဝမ်ဖန်းရဲ့ လက်ထပ်ခွင့်ကို ယခုနှစ်ဖေဖော်ဝါရီက လက်ခံခဲ့တာဖြစ်ပါတယ်။

play

 

ကျန်းဇီယီဟာ ကလေးကို အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ကျန်ဇီယီရဲ့ နာမည်ကျော်ဇာတ်ကားအချို့ဟာ  CrouchingTigher and Hidden Drangon၊Rush Hour 2၊ Memoirs of a Geisha ၊Horsemen နဲ့ Going Home တို့ဖြစ်ပါတယ်။

Sources: AFP
Photos Sources: ChinaFotoPress

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ