Entertainment: ကန်ဒဲလ်နဲ့ ဟယ်ရီတို့ ပြန်တွဲနေပြီလား

ကန်ဒဲလ်ဂျန်နာနဲ့ One Direction အဖွဲ့ဝင် ဟယ်ရီစတိုင်းစ်တို့ဟာ အရင်တုန်းက ဇာတ်လမ်းရှိခဲ့ဖူးပါတယ်။

play

 

ဟယ်ရီနဲ့ ကန်ဒဲလ်တို့ကို ဒီဇင်ဘာလ ၂၉ ရက်က ကာရေဘီယန်ကျွန်း အန်ဂူလီယာ Blanchards စားသောက်ဆိုင်မှာ ညစာ အတူစားခဲ့ကြတာကို တွေ့ရှိတဲ့သူတွေ ရှိပါတယ်။

play
အန်ဂူလီယာကျွန်းကို မသွားမီ ဈေးဝယ်ထွက်ခဲ့တဲ့ ကန်ဒဲလ်။

 

သူတို့နှစ်ယောက်ဟာ ဒီအားလပ်ရက်ကို အတူတကွ ကုန်ဆုံးခဲ့ကြပြီး ဒီကျွန်းပေါ်မှာ နှစ်သစ်ကို ကြိုဆိုကြလိမ့်မယ်လို့လည်း သတင်းတွေ ကြားနေရပါတယ်။

play
ပရိသတ်တွေနဲ့အတူ ဓာတ်ပုံရိုက်ခဲ့တဲ့ ဟယ်ရီ။

 

အဲဒီစားသောက်ဆိုင်ထဲမှာ ထိုင်ရင်း ပရိသတ်အချို့နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို တွစ်တာမှာ ဟယ်ရီက တင်ခဲ့ပြီး မိန်းကလေးတစ်ဦးကတော့ ကန်ဒဲလ်နဲ့ ဟယ်ရီက ဘေးစားပွဲမှာ ထိုင်နေတာကို တွေ့ရတဲ့အတွက် စိတ်လှုပ်ရှားမိတယ်လို့ ရေးသားပြီး တွစ်တာမှာ တင်ခဲ့ပါတယ်။

play
၂၀၁၃ ခုနှစ်မှာ အပြင်အတူထွက်ခဲ့ကြတဲ့ သူတို့နှစ်ဦး။

 

၂၀၁၃ ခုနှစ်တုန်းကလည်း သူတို့နှစ်ယောက် အပြင်မှာ အတူပျော်ရွှင်နေကြတာကို တွေ့ရှိပြီးတဲ့နောက် တွဲနေကြတယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ