Entertainment: တွေ့ဆုံဖို့ ဆန္ဒပြင်းပြနေကြတဲ့ ကိတ်လင်းနဲ့ အက်ဒီ

ဟောလိဝုဒ် မင်းသား အက်ဒီရက်မေးဟာ The Danish Girl ဇာတ်ကားထဲမှာ လိင်အင်္ဂါပြောင်းလဲမှုရဲ့ရှေ့ဆောင် လီလီ အယ်လ်ဘီအဖြစ် သရုပ်ဆောင်ခဲ့သူပါ။

play

 

အဲဒီဇာတ်လမ်းကြောင့်ပဲ အမေရိကန်ရဲ့ နာမည်အကြီးဆုံး လိင်ပြောင်းလဲသူတစ်ဦးဖြစ်တဲ့ ကိတ်လင်းဂျန်နာက နောက်လထဲမှာ လော့ဆန်းဂျလိစ်ကို ရောက်လာမယ့်  အက်ဒီကို တွေ့ဆုံချင်ပုံရပါတယ်။

တကယ်တော့ အသက် ၃၃ နှစ်အရွယ် မင်းသား အက်ဒီနဲ့ အသက် ၆၆ နှစ်အရွယ် ကိတ်လင်းတို့ဟာ တစ်ဦးနဲ့တစ်ဦး အရမ်းကို တွေ့ချင်နေကြတယ်လို့ သိရပါတယ်။

The Theory Of Everything ဇာတ်လမ်းနဲ့ ၂၀၁၆ အော်စကာဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆုကို ရရှိခဲ့တဲ့ အက်ဒီတစ်ယောက် Four Season ဟိုတယ်က BAFTA လက်ဖက်ရည်ပါတီပွဲကို တက်ရောက်ဖို့ ဟောလီးဝုဒ်ကို လာရောက်ချိန်မှာ သူတို့နှစ်ဦး ဆုံတွေ့ဖို့ အက်ဒီရော ကိတ်လင်းပါ စိတ်အားထက်သန်နေကြတာပါ။

play
The Danish Girl ဇာတ်ကားထဲမှာ လိင်ပြောင်းလဲခဲ့သူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အက်ဒီရက်မေး

ကိတ်လင်းက အက်ဒီနဲ့ သီးသန့်တွေ့ဆုံပြီး ကျေးဇူးတင်ကြောင်း ပြောချင်တာ ဖြစ်တယ်လို့ ကိတ်လင်းနဲ့ ရင်းနှီးသူတစ်ဦးက ပြောပါတယ်။

ကိတ်လင်းကို သဘောကျကြောင်း အက်ဒီက ဖွင့်ပြောခဲ့ဖူးတာဖြစ်လို့ အက်ဒီဟာ ကိတ်လင်းရဲ့ အမာခံပရိသတ် တစ်ယောက် ဖြစ်ပုံရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ