Entertainment: ယခုနှစ်မှာ ကြွေလွင့်ခဲ့တဲ့ အနုပညာ ကြယ်ပွင့် (၃)ပွင့်

မြန်မာ့အနုပညာလောကအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေပါပဲ

play

 

၂၀၁၅ ခုနှစ်ထဲမှာတော့ မြန်မာနိုင်ငံ အနုပညာ လောကထဲက တန်ဖိုးကြီးတဲ့ ကြယ်ပွင့်အချို့ ကြွေလွင့်ခဲ့ရပါတယ်။ သက်ဆိုင်ရာ နယ်ပယ်အလိုက်မှာ ကျွမ်းကျင်သူတွေဖြစ်ပြီး ကွယ်လွန်သွားတဲ့အပေါ် ပရိသတ်တွေက နှမျောတသ ဖြစ်ခဲ့ကြပါတယ်။

၁။ ပန်းချီ ဦးစန်းလှိုင်

မြန်မာနိုင်ငံရဲ့ ဂန္တဝင် ပန်းချီဆရာကြီး ဆရာဦးစန်းလှိုင်ဟာ အသက် ၉၃  နှစ်မှာ သည်းခြေအိတ်ကင်ဆာနဲ့ ကွယ်လွန်သွားပါတယ်။ မကွယ်လွန်မီ တစ်လခန့်က တစ်ကိုယ်တော်ပန်းချီပြပွဲ ပြုလုပ်ခဲ့သေးတာပါ။

၂။ ဒါရိုက်တာ မောင်တင်ဦး

play

သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားရဲ့ ဖခင်ကြီးလို့ ခေါ်ဆိုနိုင်တဲ့ ဒါရိုက်တာ မောင်တင်ဦးက အသက် ၇၅ နှစ်မှာ အသည်းခြောက်ဝေဒနာနဲ့ ဆုံးပါးခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်လောကသားတွေက ပါပါကြီးလို့ ချစ်စနိုးခေါ်ကြပါတယ်။

၃။ ဒါရိုက်တာ မောင်ဒေါန

ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ အပါအဝင် ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ မောင်ဒေါနဟာ ဇွန်လက ကွယ်လွန်သွားပါတယ်။

Source : 7 Day

Photo : Myanmarartistsworld, ဦးဇင်ဝိုင်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ