Entertainment: သမီးကို မိတ်ကပ်ပြင်ပေးခဲ့တဲ့ ကေတီပရိုက်စ် ခင်ပွန်းဟောင်းနဲ့ စကားများ

ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်က ကေတီပရိုက်စ်ဟာ ၈ နှစ်အရွယ် သမီးလေးကို မိတ်ကပ်အထူကြီး လိမ်းပေးပြီး ပုံတွေကို အင်စတာဂရမ်မှာ တင်ခဲ့တဲ့အတွက် ရှုံ့ချခံခဲ့ရပါတယ်။

play

 

အခုတော့ အဲဒီကိစ္စနဲ့ပဲ ကေတီနဲ့ သူမရဲ့ ခင်ပွန်းဟောင်း ပီတာအန်ဒရီတို့ဟာ အကြီးအကျယ် စကားများကြတယ်လို့ သိရပါတယ်။

play

 

ပီတာက ကလေးကို မိတ်ကပ် စမ်းလိမ်းပေးတာကို လက်ခံပေမယ့် အွန်လိုင်းပေါ်မှာ တင်တာကို ဒေါသထွက်တာ ဖြစ်တယ်လို့ ပီတာရဲ့ မိတ်ဆွေတွေက ပြောပါတယ်။

play
ဖေ့စ်ဘွတ်မှာ ကေတီပရိုက်စ်တင်ခဲ့တဲ့ ပရင့်စက်ရဲ့ မိတ်ကပ်အပြည့်လိမ်းထားတဲ့ပုံ

 

ပီတာဟာ သူ့သမီးရဲ့ ပုံတွေကို ကြည့်ပြီး စိတ်ပျက်ဖို့ကောင်းတယ်လို့ ပြောခဲ့ပြီး အဲဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဦးသား စကားများခဲ့ကြတာပါ။

play
ကေတီပရိုက်စ်နဲ့ သမီးငယ် ပရင့်စက်

 

ဖေ့စ်ဘွတ်မှာ အဲဒီပုံတွေ တက်လာချိန်က ပီတာမှာ ဘာမှ မပြောချင်လောက်အောင် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ