Entertainment: သရုပ်ဆောင် အလုပ်ကို လွယ်မယ် ထင်ခဲ့ဖူးတဲ့ လွှမ်းပိုင်

အဆိုတော်အဖြစ်နဲ့ နာမည်တစ်ခု တည်ဆောက်နိုင်ခဲ့ပြီးဖြစ်ပြီး ဇာတ်လမ်းရိုက်ကူးမှုနဲ့ ပတ်သက်လို့ တီးမီးခေါက်မိရှိတဲ့ လွှမ်းပိုင်က သရုပ်ဆောင်အလုပ်ကို လွယ်မယ်လို့ ထင်ခဲ့ဖူးကြောင်း ဖွင့်ဟခဲ့ပါတယ်။

play

 

“သရုပ်ဆောင် အလုပ်ကို လွယ်တယ်လို့ ထင်တဲ့ အဓိကအကြောင်းရင်းက ကျွန်တော်က သေးသေးလေးတွေ သိတာအများကြီးပဲ။ တည်းဖြတ်ဆိုလည်း နည်းနည်းလေး သိတယ်၊ ဒါရိုက်တာပိုင်းဆိုလည်း နည်းနည်း သိတယ်၊ အိုက်တင်ပိုင်း ဆိုလည်း နည်းနည်းသိတယ်။ အဲဒီလို ကျွန်တော် နည်းနည်း သိတာတွေက အရမ်းများတယ်။ ဘယ်အရာကိုမှ ထဲထဲဝင်ဝင် လေ့လာတာ မရှိဘူး။ ထဲထဲဝင်ဝင် လေ့လာတဲ့ အချိန်မှာမှ ဒီဟာတွေက မလွယ်ဘူး။ ခက်ခဲတဲ့အရာတွေဆိုတာ သိခဲ့ရတယ်” လို့ အဆိုတော် သရုပ်ဆောင် လွှမ်းပိုင်က ဝန်ခံခဲ့ပါတယ်။

play

 

ပထမဆုံး ရှုတင်ရိုက်တဲ့နေ့မှာတင် အတော်စိတ်ဓာတ်ကျခဲ့တယ်ဆိုတဲ့ လွှမ်းပိုင်ဟာ နောက်ပိုင်းမှာ ဇာတ်ကောင်ရဲ့ ခံစားချက်ကို နားလည်ဖို့ လိုအပ်တယ်ဆိုတာ သဘောပေါက်ခဲ့ပြီး ဇာတ်လမ်းတွေကို သေချာဖတ်တယ်လို့ ဆိုပါတယ်။

လွှမ်းပိုင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေထဲက ပထမဆုံးထွက်ရှိမယ့်  ‘ဂျာကင်အဟောင်းလေး’ ဇာတ်ကားကို ဇန်နဝါရီလထဲမှာ ဖြန့်ချိမှာဖြစ်လို့ ဒီဇာတ်ကားကို မဖြစ်မနေကြည့်ပေးဖို့ ပရိသတ်ကို လွှမ်းပိုင်က တောင်းဆိုခဲ့ပါတယ်။

Source & Photos : 7 day

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ