Entertainment: ချစ်လှစွာသော အမုန်း

ချစ်ခြင်းမေတ္တာ အားပြိုင်မှုတွေကြားက ဝေခွဲရခက်တဲ့ အခြေအနေတွေကို သရုပ်ဆောင်တွေက ပီပီပြင်ပြင် ပုံဖော်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။

play

 

ချစ်လှစွာသောအမုန်းဟာ မနက်ဖြန် (ဇန်နဝါရီ ၁ရက်)က စပြီး ရုံတင် ပြသမယ့် ရုပ်ရှင်ကား ဖြစ်ပါတယ်။

ဂါမဏိနဲ့ မိုးစက်မေတို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ပြီး အရွယ်ရောက်ချိန်မှာတော့ မိုးစက်က ဂါမဏိကို တစ်ဖက်သတ် ချစ်ရသူ ဖြစ်လာပါတယ်။ ဂါမဏိကတော့ မိုးစက်မေကို ဖြူစင်တဲ့ခင်မင်မှုပဲ ရှိခဲ့တာပါ။ မိခင်မရှိတော့တဲ့ မိုးစက်မေရဲ့ ဖခင်က မိန်းမရှုပ်သူတစ်ဦးပါ။

play

 

တစ်နေ့မှာ ဖခင်ဖြစ်သူက အမုန်းကို အိမ်ပေါ်ခေါ်တင်ခဲ့ပါတယ်။ မိထွေး တော်ရမယ့် မိန်းကလေးက သူမထက်တောင် အသက်ငယ်နေလို့ မိုးစက်မေက သဘောမကျခဲ့ပါဘူး။ နောက်တော့လည်း ရိုးသားဖြူစင်လွန်းတဲ့ အမုန်းကြောင့် မိုးစက်မေက အမုန်းကို ကရုဏာ သက်ခဲ့ရပါတယ်။ မိုးစက်မေရဲ့ အဖေက အမုန်းကို စွန့်ပစ်လိုက်တာတောင်မှ မိုးစက်မေက စောင့်ရှောက်ပေးခဲ့သူပါ။

ဒါပေမဲ့လည်း ကိုယ်ချစ်ရတဲ့လူ တစ်ယောက်လုံးကို ပေးလိုက်ရလောက် မိုးစက်က အမုန်းကို အလျှော့မပေးနိုင်ပါဘူး။ အချစ်ကို အချစ်မှန်းတောင် မသိရှာတဲ့ အမုန်းနဲ့ အမုန်းကို သနားပြီးချစ်ခင်နေတဲ့ ဂါမဏိကြောင့် မိုးစက်မေက တိတ်တဆိတ် နာကျင်ခဲ့ပါတယ်။

ဖခင်ရဲ့ ဇရိုက်ဆိုးတွေကြောင့် သနားစရာကောင်းတဲ့ အမုန်း၊ သနားကြင်နာမှုနဲ့ ချစ်အတ္တကြားမှာ ဝမ်းနည်းနေရတဲ့ မိုးစက်မေ၊ ငယ်သူငယ်ချင်းနဲ့ အချစ်ရဲ့ကြားက စိတ်ခံစားချက် အားပြိုင်နေတဲ့ ဂါမဏိတို့ကို ချစ်လှစွာသော အမုန်း ဇာတ်ကားမှာ မြင်ရမှာပါ။ ဂါမဏိအဖြစ် အောင်ရဲလင်း၊ မိုးစက်ရဲ့ဖခင်အဖြစ် ဇင်ဝိုင်း၊ မိုးစက်မေအဖြစ် သက်မွန်မြင့်နဲ့ အမုန်းအဖြစ် ဝတ်မှုံရွှေရည်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဓာတ်ပုံ - ချစ်လှစွာသောအမုန်းဖေ့စ်ဘွတ်

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ