Entertainment: ခရီးသွားနေတဲ့ ယုသန္တာတင်

ခရီးသွားရလို့ ပင်ပန်းပြီး နေမကောင်းဖြစ်မှာကိုတော့ ပရိသတ်တွေက စိတ်ပူနေကြပါတယ်။

play

 

ယုလို့ ချစ်စနိုးခေါ်ကြတဲ့ ယုသန္တာတင်ကတော့ နိုင်ငံအနှံ့ ခရီးတွေ သွားနေပါတယ်။ နှစ်ကုန် ခရီးသွားရာသီဖြစ်တာကြောင့်လည်း အနုပညာလုပ်ငန်းတွေကို နားထားပုံရပါတယ်။

play

 

ကချင်ပြည်နယ်ကို သွားပြီးတဲ့နောက် ခုတော့ ပုဂံကို ရောက်နေပါတယ်။ ခရီးစဉ်တစ်လျှောက်က ပုံတွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာကြောင့် ပရိသတ်တွေကတော့ ယုကို အရမ်းလှတယ်လို့ မှတ်ချက်တွေ ပေးနေကြပါတယ်။

play

 

မြန်မြန်ဆန်ဆန်လေးနဲ့ ယဉ်ယဉ်လေးတယ်လို့ လူတွေကမှတ်ချက်ပေးခဲ့တဲ့ ယုသန္တာတင်ဟာ မြန်မာဝတ်စုံ မဝတ်ဘဲ ပေါ့ပေါးပါးပါး ဘောင်းဘီနဲ့ဆိုတော့လည်း လှနေပြန်တာပါပဲ။

ယုကို အရမ်းလှတာပဲလို့ ပရိသတ်တွေက မှတ်ချက်ပေးတဲ့အခါ ဓာတ်ပုံဆရာ တော်လို့ လှတာပါလို့ သူမက ပြန်ဖြေထားပါတယ်။

ဓာတ်ပုံ - ယုသန္တာတင်ဖေ့စ်ဘွတ်

 

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ