Entertainment: မာရီယာ ကာရေး စေ့စပ်လိုက်ပြီလား

မာရီယာ ကာရေးဟာ သူမရဲ့ ရည်းစား ဘီလျံနာကြီး ဂျိမ်းစ်ပတ်ကာနဲ့ စေ့စပ်လိုက်ပြီလားဆိုတာ လူတွေက သိချင်နေကြပါတယ်။

play

 

မာရီယာဟာ သူမရဲ့ ရည်းစားနဲ့အတူ တွဲသွားစဉ်မှာ တဖျပ်ဖျပ်လက်နေတဲ့ စိန်ရောင်ကို သတိထားမိသွားကြတဲ့ ပရိသတ်ကြီးက ဒီမေးခွန်းကို မေးခဲ့ကြတာပါ။

play

 

မာရီယာဟာ ဂျိမ်းစ်ပက်ကာနဲ့အတူ သြစတြေးလျနိုင်ငံ၊ မယ်လ်ဘုန်းမြို့က ပွဲတစ်ပွဲကို ဒီဇင်ဘာလ ၃၀ ရက်မှာ တက်ရောက်ခဲ့စဉ်မှာ အခုလို မြင်တွေ့ခဲ့ရတာပါ။

play

 

သူမရဲ့ လက်မှာ တဖျပ်ဖျပ်လပ်နေတဲ့ လက်စွပ်ဟာ ဂျိမ်းစ်ဆီကရတဲ့ စေ့စပ်လက်စွပ်ဖြစ်နိုင်တယ်လို့ ထင်ကြေးတွေ ထွက်ပေါ်လာပါတယ်။ တချို့ကလည်း ၁၀ နှစ်နီးပါး သူမဝတ်ဆင်ထားတဲ့ လိပ်ပြာလက်စွပ်ပဲ ဖြစ်မှာပါလို့ ယူဆထားကြပါတယ်။

အခုထိတော့ သတင်းအတိအကျ မသိရသေးပါဘူး။ ဒီဇင်ဘာ ၂၉ ရက်မှာ တင်ခဲ့တဲ့ သူမရဲ့ အင်စတာဂရမ်ပုံကို သေချာ စစ်ဆေးလိုက်တော့ သူမလက်ချောင်းတွေမှာ ဘာရတနာမှ ဆင်မြန်းထားတာ မရှိပါဘူး။

play

 

အဲဒီနေ့မှာ သူမတင်ထားတဲ့ပုံက ကင်မရာဘက်ကို လက်ဝှေ့ယမ်းပြထားတဲ့ပုံပါ။

တကယ်သာ စေ့စပ်လိုက်ပြီဆိုရင် မာရီယာက ကမ္ဘာသိအောင် လုပ်မယ့် သူမျိုးပါ။

Source & Photos : Hollywood Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ