Entertainment: စတက်ဖနီ မိသားစုရဲ့ အချစ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဘလိတ်ခ် ရှယ်တန်

ဘလိတ်ခ် ရှယ်တန်နဲ့ တွဲတာကို ဂွင်းစတက်ဖနီရဲ့ မိသားစုက ကျေနပ်နေကြနေကြတယ်လို့ သိရပါတယ်။

play

 

အကြောင်းရင်းကတော့ ဘလိတ်ခ်က သူမကို ဆက်ဆံတဲ့ ပုံစံက မှန်ကန်လို့ပါတဲ့။

ဥက္ကလာဟိုးမားမှာ တစ်ပတ်လုံး ပျော်ရွှင်စွာနေထိုင်ပြီး လော့ဆန်းဂျလိစ်ကို ပြန်လာကြတဲ့ သူတို့နှစ်ဦးရဲ့ အချစ်က နည်းနည်းလေးတောင် လျော့သွားပုံမရပါဘူး။

play

 

တွေးကြည့်မယ်ဆိုရင်လည်း ဘလိတ်ခ်လို ရုပ်ရည်မျိုးကို သဘောမကျတဲ့သူ ရှိပါ့မလား။ သူ့ရဲ့ ချစ်စရာကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် ဂွင်းစတက်ဖနီရဲ့ မိဘတွေက သူ့ကို အရေးပေးကြတာလို့ သူတို့နဲ့ ရင်းနှီးသူတစ်ဦးက ပြောလာပါတယ်။

play

 

ဒါဟာ ဘလိတ်ခ်အတွက် အောင်မြင်မှုပဲပေါ့။ သူက ဂွင်းစတက်ဖနီ ပျော်တာကို မြင်ချင်တဲ့သူဆိုတော့ အခုအခြေအနေက အားလုံးကောင်းမွန်နေပါပြီ။

play

 

 “ဘလိတ်ခ်က ပျော်တတ်တယ်၊ ချစ်စရာကောင်းတယ်လို့ အားလုံးက ထင်ကြတယ်။ သူ့ကို သူတို့တွေ အရမ်းသဘောကျကြတယ်” လို့ ဂွင်းစတက်ဖနီရဲ့ ရည်းစားသစ်အပေါ် သူမရဲ့မိသားစုရဲ့ သဘောထားနဲ့ ပတ်သက်ပြီး သတင်းပေးက ပြောသွားခဲ့တာပါ။

Source & Photos : Hollywood Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ