Entertainment: မင်းသား ဖိုးချစ်ရဲ့ ဘောလုံးအသင်း

အခြားအသင်းကြီးတွေရဲ့ လူငယ်အသင်းတွေနဲ့ ခြေစမ်းပွဲတွေ ကစားထားပြီး ရလာဒ်ကောင်းတွေ ရထားပါတယ်။

play

 

ဇာတ်မင်းသား ဖိုးချစ်က ဘောလုံးအသင်းတစ်သင်း တည်ထောင်ပြီး MNL 2 မှာ ဝင်ပြိုင်တော့မယ်လို့ သိရပါတယ်။

သဘင်အစည်းအရုံး ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဖိုးချစ်က မဟာမြန်မာ အမည်နဲ့ ဘောလုံးအသင်းကို တည်ထောင်ပြီး MNL League 2 မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့အတွက်လည်း ဘောလုံးအဖွဲ့ချုပ်ကို စာတင်ထားပါတယ်။ မဟာမြန်မာအသင်းမှာ ပြည်ပကစားသမား ၂ ဦး ခေါ်ယူထားပြီး နောက်ထပ် ပြည်ပကစားသမားတစ်ဦးကိုလည်း ခေါ်ယူဖို့ ရှိတယ်လို့ သိရပါတယ်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းရဲ့ ကစားသမားဟောင်း ဦးဇော်လင်းထွန်းက မဟာမြန်မာအသင်းရဲ့ နည်းပြချုပ်အဖြစ် တာဝန်ယူထားတာပါ။

Source & Photo : The Ladies News Journal Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ