Entertainment: ၂၀၁၆ မှာ ဦးစားပေး ကိစ္စတွေကိုပဲ အာရုံစိုက်မယ့် ကော့တနီ

ကော့တနီ ကာဒါရှီယန်က ၂၀၁၆ မှာ သူမရဲ့ ဦးစားပေးကိစ္စတွေကိုပဲ ပြန်အာရုံစိုက်တော့မယ်တဲ့။ ဒါဟာ စကော့ဒစ်ဆစ်ကို စောင်းမြောင်းပြောတာလား။

play

 

နှစ်သစ်မှာ သူမရဲ့ အရေးကြီးကိစ္စတွေကိုသာ ပြန်အာရုံစိုက်တော့မယ်လို့ ကော့တနီက ပြောလာခဲ့ပြီး သူမရဲ့ ချစ်ရေးချစ်ရာကိုတော့ လုံးဝ ရည်ညွှန်းပြောကြားခဲ့ခြင်း မရှိပါဘူး။

အသက် ၃၆ နှစ်အရွယ် ကော့တနီ ကာဒါရှီယန်ဟာ နှစ်သစ်အတွက် သံန္နိဋ္ဌာန်တွေ ချတတ်တဲ့ အကျင့်မရှိဘူးလို့ ပြောပေမယ့် ၂၀၁၅ ခုနှစ်အတွင်းမှာ သူမအတွက် ပြောင်းလဲမှုတွေ အတော်များခဲ့ပါတယ်။ အဲဒီထဲမှာ ကိုးနှစ်ကြာ အတူရှိနေခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် စကော့တ်နဲ့ ပြတ်စဲခဲ့တာလည်း အပါအဝင်ပါပဲ။

play

 “မှတ်မိသလောက် ကျွန်မ ဘယ်တော့မှ နှစ်သစ်သန္နိဋ္ဌာန်တွေ မချခဲ့ဖူးဘူး။ ဒါပေမဲ့ ဒီနှစ်ထဲမှာ ပြောင်းလဲမှုတွေ ကျွန်မ အတော်လုပ်ခဲ့မိတယ်ဆိုတော့ အရေးကြီးတယ်လို့ ခံစားရတာတွေကို မဖြစ်မနေလုပ်ဖို့ သန္နိဋ္ဌာန်တွေကို ချရေးတော့မယ်” လို့ သူမက ဆိုလာပါတယ်။

play

 

သူမရဲ့ စာရင်းထဲက ပထမဆုံးတစ်ခုကတော့ “ပစ္စုပ္ပန်တည့်တည့်မှာ ပိုနေပြီး ဖုန်းသုံးတာ လျှော့ရမယ်” တဲ့။ ဆယ်လ်ဖီရိုက်ရတာ အလွန်ဝါသနာပါတဲ့ ကော့တနီ ဒီလိုလုပ်မယ်လို့ ဘယ်သူထင်မိမှာလဲ။

နောက်တစ်ခုက “ဂျီဆက်နဲ့ ကျွန်မရဲ့ ဆက်ဆံရေးကို အားကောင်းအောင် ဆက်လက်လုပ်ဆောင်မယ်” လို့ ဆိုပါတယ်။

play

 

စကော့တ်နဲ့ အိမ်ထောင်ရေးမှာ နှစ်ပေါင်းများစွာ ပေးအပ်ခဲ့ပြီးတဲ့နောက် သူမကိုယ်သူမ ဦးစားပေးထဲမှာ ထည့်ချင်လာပုံရပါတယ်။

“ကျွန်မရဲ့ ဦးစားပေးတွေကို ပြန်အာရုံစိုက်နိုင်ဖို့ အားလုံးရဲ့ထိပ်မှာ အရေးပါတာ ကျွန်မဖြစ်နေရမယ်” လို့ ရေးထားပါတယ်။

သန္နိဋ္ဌာန်တွေက ကော့တနီအတွက် အရမ်းကို ကောင်းမွန်ပါတယ်။ ၂၀၁၆ မှာ သူမ တကယ်ပဲ ဒါတွေကို အကောင်အထည် ဖော်နိုင်မလားဆိုတာ စောင့်ကြည့်ရတာပေါ့။

Source & Photos : Hollywood Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ