Entertainment: ရန်ကုန်ရဲ့ နှစ်သစ်ကူးည ဂီတဖျော်ဖြေပွဲများ

၂၀၁၅ ခုနှစ်ရဲ့ နောက်ဆုံးညမှာ ရှိုးပွဲတွေ ကြည့်ချင်တဲ့သူများအတွက် ရန်ကုန်မြို့မှာ ဒီနေ့ပြုလုပ်မယ့် နှစ်သစ်ကူးည ဖျော်ဖြေပွဲတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

play

 

မင်းဓမ္မလမ်းရှိ MCC မြက်ခင်းပြင်မှာ အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ ဂျစ်ပစီည ဖျော်ဖြေပွဲရှိပြီး ညနေ ၆ နာရီမှာ စမယ်လို့ ကြေညာထားကာ လက်မှတ်ခက ကျပ် ၅,၀၀၀ နဲ့ ကျပ် ၁၅,၀၀၀ သတ်မှတ်ထားပါတယ်။

အိုင်းရင်းခရော့စ်အဖွဲ့က ပြည်သူ့ရင်ပြင်မှာ ရှိမှာဖြစ်ပြီး ည ၉ နာရီ၌ ဖျော်ဖြေပွဲ စတင်မှာ ဖြစ်ပြီး ဝင်ကြေးက ကျပ်   ၁၀,၀၀၀  ပါ။

ရော့ခ်နှင့် ဟစ်ဟော့ပ် အဆိုတော်များ ပါဝင်သီဆိုမည့် နှစ်သစ်ကူးည ဂီတဖျော်ဖြေပွဲကို တာမွေရှိ ရွှေထွဋ်တင်ဝင်းအတွင်း ပြုလုပ်မှာဖြစ်ပြီး ရော့ခ်ဖျော်ဖြေမှုအတွက် Runner Music Band နှင့်အတူ ဝေလ၊ ဝန၊ သာဒီးလူနှင့် ဇွဲပြည့် တို့ ပါဝင်သီဆိုမည်ဖြစ်ပြီး ဟစ် ဟော့ပ်ဖျော်ဖြေမှုအတွက် စိုင်းစိုင်းခမ်းလှိုင်၊ Snare၊ လွှမ်းပိုင်၊ ဘန် နီဖြိုး၊ ရဲရင့်အောင်၊ ရွှေထူး၊ ထက်ယံ၊ LitZ ၊ G Fatt ၊ မိန္ဒီနှင့် Bobby Soxer တို့ ပါဝင်သီဆိုမှာ ဖြစ်ပါတယ်။ ပွဲကို ညနေ ၆ နာရီ၌ စတင်မည်ဖြစ်ပြီး ဝင်ကြေးကို ကျပ်   ၈,၀၀၀   သတ်မှတ် ထားပါတယ်။

မိုင်ဒါကွင်းနှင့် သုဝဏ္ဏဘော လုံးကွင်းတို့တွင်လည်း အခမဲ့ပြသမယ့် နာမည်ကြီးအဆိုတော်တွေနဲ့ နှစ်သစ်အကြို ဖျော်ဖြေပွဲတွေ ရှိပါတယ်။

ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်ရဲ့ နယူးရီးယားပါတီမှာ ချစ်ကောင်း၊ ဝေလ၊ နီနီခင်ဇော်၊ မိစန္ဒီတို့က ပါဝင်ဖျော်ဖြေမှာ ဖြစ်ပြီး  ညစာအပါအဝင် ဒေါ်လာ ၁၄၀ နှင့် ၁၆၀ ပါ။

ပါ့ခ်ရွိုင်ရယ်  ဟိုတယ်ရဲ့ နယူးရီးယားပါတီမှာ ဂျေမောင်မောင်၊ ထွန်းအိန္ဒြာဗိုနှင့် အိမ့်ချစ်တို့ ပါဝင် တင်ဆက်ပေးမှာဖြစ်ပြီး ညစာအပါအဝင် ဒေါ်လာ ၁၂ ၀ ဖြစ်ပါတယ်။

Source : 7day

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ