Entertainment: နှစ်သစ် အကြိုနေ့မှာ ပြေတီဦးရဲ့ ဆုတောင်း မေတ္တာစကား

ပြေတီဦးဟာ ဒီနေ့ ဒီဇင်ဘာလ ၃၁ ရက်မှာ နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကို ကြိုဆိုတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါတယ်။

play

 

Good Morning all လို့ အစချီထားတဲ့ သရုပ်ဆောင်မင်းသား ပြေတီဦးရဲ့ ပို့စ်မှာ အခုလို ရေးသားထားတာပါ။

“မတည်မြဲခြင်း သဘောတရားတွေနဲ့ တည်ဆောက်ထားတဲ့ လောကကြီး ဆိုတော့လည်း ထုံးစံအတိုင်း ကျွန်တော်တို့တွေ သိပ်မကြာခင် အချိန် အတောအတွင်းမှာ ၂၀၁၅ ဆိုတဲ့ ခုနှစ်တစ်ခုကို အပြီးအပိုင် နှုတ်ဆက်ကြရတော့မယ်။ ကျွန်တော် စဉ်းစားနေတာ တစ်ခုက ဒီ ၂၀၁၅ တစ်နှစ်လုံးကို ကျွန်တော် ဘယ်လိုဖြတ်သန်းခဲ့သလဲ ဆိုတာ ကိုယ့်ကိုယ်ကို မြင်အောင်ပြန်ကြည့်ဖို့ လိုတယ်ဆိုတာပါ” လို့ ပြေတီဦးက သူ့အတွေးကို ရေးသားထားပါတယ်။

play

 

မနက်ဖြန်မှာ ရောက်ရှိလာတော့မယ့် ၂၀၁၆ ခုနှစ် အတွက်လည်း သူက အခုလို ပြောထားပါသေးတယ်။

play

 

“ မကြာခင် ရောက်လာတော့မယ့် ၂၀၁၆ ထဲကို ဘယ်လို အရာတွေကို ဆက်ပြီး သယ်ဆောင်သွားမလဲ။ ဘယ်လိုအရာတွေကို အပြီးအပိုင် နှုတ်ဆက်ပြီး ချန်ထားခဲ့ရမလဲဆိုတာ အရမ်းအရေးကြီးပါတယ်။ ဒါမှလည်း မကြာခင် ရောက်လာတော့မယ့် ၂၀၁၆ ကို အကောင်းဆုံးဖြစ်အောင် ပုံဖော်နိုင်မှာပါ။  သူငယ်ချင်းတို့ရော စဉ်းစားပြီးကြပြီလား။  မနက်ဖြန် နှစ်သစ်ရောက်ရင် သူငယ်ချင်းတို့နဲ့ အမြင်ချင်း ဖလှယ်ချင်ပါတယ်။ အမြင်ချင်း ဖလှယ်တာဟာ ကျွန်တော့်အတွက်လည်း ပညာအများကြီး ရစေလို့ပါ၊ နှစ်သစ်မှာ ကောင်းကျိုး လိုရာဆန္ဒတွေ ပြည့်ဝကြပါစေလို့ ကြိုတင်ပြီး ဆုတောင်းပေးလိုက်ပါတယ်။ အားလုံး "Happy New Year" ပါ” ” လို့ ရေးသားပါတယ်။

Source & Photos : Pyay Ti Oo’s Face Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ