AD
AD
AD
play

 

ဆယ်ကျော်သက်တွေကြားမှာ ပရိသတ် အခိုင်အမာရထားပြီးဖြစ်တဲ့ အဆိုတော် ဘန်နီဖြိုးက ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

play

 

Charm ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ဖော်ဖော်ဝါရီလလယ်ပိုင်းမှာ စတင်ရိုက်ကူးမှာဖြစ်ပြီး ဘန်နီဖြိုးက အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သွားဖို့ ရှိပါတယ်။ Season 1 အတွက် အပိုင်း ၁၅ ပိုင်း ရိုက်ကူးမှာဖြစ်ပြီး မတ်လထဲမှာ ပြသသွားမှာပါ။

play

 

ဇာတ်လမ်းထဲမှာ Charm ဆိုတဲ့ ကောင်လေးဟာ အနာဂတ်ကို ကြိုတင်မြင်နေရသူဖြစ်ပြီး ဘန်နီဖြိုးက Charm နေရာမှာ သရုပ်ဆောင်မှာပါ။ Charm ရုပ်သံဇာတ်လမ်းတွဲကို Media 7 က ရိုက်ကူးထုတ်လုပ်မှာဖြစ်ပြီး သားညီက ဒါရိုက်အဖြစ် တာဝန်ယူ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

Source : 7Day Daily

Photo : Bunny Phyo Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD