Entertainment: သင်ဇာဝင့်ကျော် အပျိုကြီး လုပ်တော့မလား

ဘဝမှာ အချစ်မရှိလည်း နေတတ်တယ်ဆိုတဲ့ သူမက အပျိုကြီးဘဝနဲ့ပဲ နေချင်တယ်လို့ ဆိုပါတယ်။

play

 

ဘဝမှာ အချစ်မရှိလည်း ဖြစ်တယ်ဆိုတဲ့ သူမက ယောက်ျားမယူချင်သေးဘူးလို့ ပြောပါတယ်။

play

 

"သင်ဇာရဲ့ အချစ်ရေးကတော့ တစ်ယောက်တည်းပါပဲ။ ယောကျာ်းလည်း မယူချင်သေးဘူး။ ဒါပေမယ့် သင်ဇာ့ရဲ့ မိဘတွေကတော့ အဲ့လို မဟုတ်ဘူး။ သူတို့မရှိတော့တဲ့ အချိန်မှာ သင်ဇာ တစ်ယောက်တည်း ဖြစ်နေမှာကို မလိုလားဘူးလေ။ ဒါကြောင့် သူတို့ အတွက်လည်း စဉ်းစားပေးနေတော့ ၅၀% ဖြစ်နေတယ်။ သင်ဇာအတွက် ဘဝမှာ အချစ်မရှိလည်း အရေးမကြီးပါဘူး။ မိသားစု၊ ပရိသတ်နဲ့ သင်ဇာ့အလုပ်က အဓိကပါပဲ။ အချစ်ဆိုတာက တအားအချိန်ပေးပြီးတော့ အလုပ်ရှုပ်တယ်လို့ ထင်ပါတယ်"သူမက ဆိုပါတယ်။

play

 

လတ်တလောမှာတော့ ဒါရိုက်တာ အောင်ဗပါဝါရိုက်ကူးထားတဲ့ "ချစ်တယ်အော်တိုနှစ်ဆ"ဇာတ်ကားကြီးကို အောင်မင်းခန့်နဲ့အတူ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Source : Popular Journal

Photo  : သင်ဇာဝင့်ကျော် ဖေ့စ်ဘွတ်ခ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ