Entertainment: အကယ်ဒမီဆုကို မမှန်းရဲတဲ့ ဂွမ်းပုံ

အကယ်ဒမီက နတ်ကြီးတာကြောင့် ကိုယ့်အနေနဲ့ အကယ်ဒမီဆုကို မမှန်းရဲပါဘူးလို့ သူမက ဆိုပါတယ်။

play

 

တက္ကသိုလ် ဂွမ်းပုံကို "ဤအရာကို အချစ်ဟု ခေါ်သလား"ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုရမယ်လို့ ပရိသတ်တွေကတော့ မှန်းထားကြပါတယ်။ ဒါပေမယ့် သူမကတော့ အကယ်ဒမီဆိုတာ နတ်ကြီးတဲ့အတွက် မမှန်းရဲပါဘူးလို့ ဆိုပါတယ်။

play

 

"မဂွမ်းက အဲ့ဒီဇာတ်ကားကြီးထဲမှာ ဇာတ်ပို့ဇာတ်ရန်နေရာက သရုပ်ဆောင်ရတာပါ။ ဒီကားလေးက ကျေးလက်တောသူ လေးတစ်ယောက် ရဲ့ ချစ်ခြင်းမေတ္တာ၊ ဟာသနဲ့ ဒရာမာကို ရောထားတဲ့ ကားလေးဆိုတော့ ပရိသတ်တွေ ကြည့်လို့ ကောင်းသွားတာပေါ့။ အစ်မတို့ ဟာသ အနုပညာသမားတွေက ဟာသရော ဒရာမာပါ လုပ်နိုင်ကြတယ်ဆိုပြီး အကုန်လုံးက တစ်ပေးကြတဲ့ သဘောပါ။ ဒီကားကို ပရက်ရှိုးရယ်၊ ရုံတင်တဲ့အချိန်မှာ ပရိသတ်တွေက အရမ်းကျေနပ်ပြီး မဂွမ်းတို့၊ ကိုဗေလုဝတို့ ၊ ခင်လှိုင်တို့ကို စေတနာနဲ့ ပြောကြတာပါ။ မဂွမ်းကတော့ အရမ်းကြီး ရင်ခုန်တာ မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ပြေးပြီးမှ မရခဲ့တဲ့ အနုပညာရှင်တွေလည်း ရှိတယ်လေ။ အမှန်အတိုင်း ပြောရရင် ကိုယ့်အနေနဲ့ မမှန်းရဲပါဘူး"လို့ သူမက ဆိုပါတယ်။

play

 

အကယ်ဒမီရခဲ့ရင်လည်း ဘဝမှာ မှတ်တိုင်တစ်ခု ဖြစ်သွားမှာ ဖြစ်သလို မရခဲ့ရင်လည်း ကိုယ့်ထက်တော်တဲ့ ၊တတ်တဲ့သူကို ပေးလိုက်တယ်လို့ပဲ ယူဆပါတယ်လို့ သူမက ပြောပါတယ်။

Source : 7day News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ