Entertainment: အပေါ်ပိုင်းဗလာနဲ့ ဆယ်ဖီအတူဆွဲကြတဲ့ ကင်မ်နဲ့ အမ်မလီ

ကင်မ်နဲ့ အမ်မလီတို့ ပူးပေါင်းလိုက်ကြပါပြီ။

play

 

အငြင်းပွားဖွယ် ကင်မ်ကာဒါရှီယန်ရဲ့ ကိုယ်လုံးတီးဆယ်ဖီပုံကို အမ်မလီက အားပေးခဲ့တဲ့အတွက် ကင်မ်က အမ်မလီ့ဆီ ပန်းစည်းနဲ့ စာ ပေးပို့ခဲ့ပြီးတဲ့နောက် အခုတော့ သူတို့နှစ်ယောက် လက်တွေ့ကျကျ ပေါင်းစည်းလိုက်တာပဲ ဖြစ်ပါတယ်။

play

 

ကင်မ်ကာဒါရှီယန်ဟာ ဒီတစ်ခါလည်း ချွတ်ချလိုက်ပြီဖြစ်ပေမဲ့ ဒီတစ်ခါတော့ အမ်မလီလည်း ပါဝင်ခဲ့ပါတယ်။

အဖော်အချွတ်မှာ နာမည်ကြီးလှတဲ့ သူတို့နှစ်ယောက် အတူချွတ်လိုက်ပြန်ပြီဆိုတော့ နာမည်တွေက ကြီးသထက် ကြီးဦးတော့မှာပါပဲ။

play

 

အင်စတာဂရမ်မှာ ကင်မ်တင်လိုက်တဲ့ အဲဒီ နှစ်ယောက်စလုံးဟာ ရင်သားတွေကို အနက်ရောင်လိုင်းလေးတွေနဲ့ ကာထားတာကလွဲလို့ အပေါ်တစ်ပိုင်းလုံး ဟာလာဟင်းလင်းနဲ့ပါ။

play

 

မိန်းမလှလေးနှစ်ယောက်ဟာ လက်ခလယ်တွေကို အတူထောင်ပြရင်း သူတို့ကို မုန်းတဲ့သူတွေကို တိုက်ရိုက် ရည်ညွှန်းခဲ့ပါတယ်။

"နှစ်ယောက်စလုံးမှာ ဝတ်စရာမရှိတော့သလိုပဲ..LOL" လို့ ကင်မ်က ပုံအောက်မှာ စာရေးထားပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ