Entertainment: ပရိသတ်တွေအတွက် လက်ဆောင်ပေးမယ့် အိမ့်ချစ်

အိမ့်ချစ်က ပရိသတ်တွေအတွက် အဝတ်အစားတွေကို လက်ဆောင်ပေးမယ်လို့ သိရပါတယ်။

play

 

ဒီနေ့ မှာ ကျရောက်တဲ့ အိမ့်ချစ်ရဲ့ မွေးနေ့ကိုတော့  ပရိသတ်တွေနဲ့အတူတူ ဖြတ်သန်း နေပါတယ်။ ဧပြီလ ( ၃ )ရက်နေ့ မနက်(၁၀) နာရီ သူမရဲ့ အိမ်မှာ ပရိသတ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲ့လို တွေ့ဆုံတဲ့ အခါမှာလည်း ပရိသတ်တွေအတွက် အင်္ကျီလက်ဆောင် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

"အိမ့်ချစ်အိမ်မှာ ပျော်ပျော်ပါးပါး လာရွေးကြပါလို့  Hot shot တွေနဲ့တူတူ Mango ,H &M , Forever21 အ၀တ်တွေလည်း ပါနေတယ်။ အသစ်နဲ့အဟောင်း ရောနေလို့ မရောင်းချင်လို့ လက်ဆောင်ပဲပေးတော့မယ်ဆုံးဖြတ် လိုက်တာပါ"လို့ သူမက ဆိုပါတယ်။

play

 

အိမ့်ချစ်ရဲ့ အိမ်ကတော့  အမှတ်(၄) အောင်ရတနာလမ်း၊ လမ်းမတော်၊ သခင်မြပန်းခြံဘေးနားမှာ ဖြစ်ပါတယ်။

Source : Myanmar Artists World

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ