Entertainment: ကျန်းမာရေး ဂရုစိုက်ဖို့ ပြောလာတဲ့ ဟဲလေး

သူရဲ့ ပရိသတ်တွေကို သင်္ကြန်ရက်အတွင်း နေပူထဲမှာ ရေကစားရင် ဂရုစိုက်ဖို့ ပရိသတ်တွေကို အကြံပြုထားပါတယ်။

play

 

သင်္ကြန်ရက်အတွင်း မိသားစုနဲ့အတူ မန္တလေးAlpine မဏ္ဍပ်မှာ ရှိနေမယ့်လို့ သူကဆိုပါတယ်။ တစ်နှစ်တာ တစ်နှစ် ရာသီဥတုက ပိုပိုပူလာတဲ့အတွက် ပရိသတ်တွေအားလုံး ကျန်းမာရေးကို ဂရုစိုက်စေချင်ပါတယ်လို့ သူက ပြောပါတယ်။

play

 

"နေ့ခင်း အရမ်းပူတဲ့ အချိန်တွေမှာတော့ အရိပ်ရတဲ့ နေရာတွေမှာ နားစေချင်တယ်။ အထူးသဖြင့် အရက်တွေ အရမ်းမသောက်နဲ့ ပေါ့နော်။ ဒီတိုင်းနေတဲ့အခါတွေမှာ ဦးနှောက်သွေးကြောတွေ ပြတ်ကြတာ ခုလို အယ်လ်နီညို ရှိနေတော့ အရက်ကို လျော့သောက်စေချင်တယ်။ အသားအရေကတော ခုလို အယ်လ်နီညိုရာသီဥတုနဲ့ဆိုရင် ပိုပျက်စီးမှာပေါ့နော်၊ မလိုလားအပ်တဲ့ အရေပြား ရောဂါတွေလည်း ဖြစ်တတ်ကြတယ်။ ဒီတော့ အရိပ်ရှိတဲ့မဏ္ဍပ်တွေမှာနေ ကိုယ့်ရဲ့ ခန္ဓာကိုယ်အတွက်ကို လက်ရှည်အင်္ကျီလေးတွေ ပါးပါးလျားလျားလေးတွေ ဆောင်ထားပြီး ၀တ်ပေါ့နော်။ အကုန်လုံးအတွက် နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေ"လို့ သူကဆိုပါတယ်။

play

 

လတ်တလောမှလည်း သင်္ကြန်သီချင်းတွေ ထွက်နေတဲ့ ဟဲလေးက တစ်ကိုယ်တော်အခွေကို မကြာမီ ထွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Source : Myanmar Artists World

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ