Entertainment: ရွှေကြိုများအတွက် စိုးပြည့်သဇင်ရဲ့ အားပေးသံ

ရွှေကြိုအရွေးခံရတဲ့ မောင်မယ်တွေအတွက် စိုးပြည့်သဇင်က အားပေးစကား ဆိုခဲ့ပါတယ်။

play

 

ရွှေကြိုမောင်နှမတွေ အားလုံးကလည်း အနုပညာလမ်းကြောင်းပေါ်မှာ ဘယ်လိုအခက်အခဲပဲ ကြုံကြုံအကောင်းဆုံးနဲ့ အအောင်မြင်ဆုံးဖြစ်အောင် ဖြတ်သန်းကြဖို့ အတွက် သူမက ဆိုပါတယ်။

play

"အကယ်ဒမီပွဲဆိုတာက လူတိုင်း စောင့်ကြည့်နေတဲ့ ပွဲတစ်ပွဲဆိုတဲ့အခါ မြန်မာတစ်နိုင်ငံလုံးမှာ ရှိနေကြတဲ့ ပြည်သူတွေ အား လုံးက ဒီပွဲကိုကြည့်ရင်းနဲ့ အကယ်ဒမီ ဗန်းကိုင်တွေကို အရင်ဆုံးမြင်ရတယ်။ သတိထား မိကြတယ်။ သိသွား ကြတယ်။ အဲဒီလို သိသွားတဲ့ အပေါ် မှာ ကိုယ်က ဆက်လက်ပြီး ကြိုးစား သွားတယ်ဆိုရင် ဒီအနုပညာလောကထဲမှာ နေရာ ရလာနိုင်တယ်။ ကိုယ်ကို ဒီအကယ်ဒမီစင်မြင့်ပေါ် မှာ သူတို့က မြင်ဖူးထားတော့ ကိုယ်သာ အနုပညာအလုပ်တွေကို ကြိုး ကြိုးစားစား နဲ့ ဆက်လုပ်ရင် သူတို့ ကိုယ့်ကို ပိုပြီး သတိထားမိ လာမယ်။ သူတို့ ရဲ့ အားပေးမှုတွေ ရရှိလာနိုင်ခဲ့ တာပဲဖြစ်ပါတယ်။ ညီမတို့ဆိုလည်း ဒီလောကထဲ ကိုဝင်ဖို့ ကြိုးစားတယ်။ အနုပညာ အလုပ်တွေ လည်း လုပ်နေ သလို အကယ်ဒမီ ဗန်းကိုင်ပါဝင် လုပ်ခဲ့တော့ လူပို သိလာခဲ့တာပါ။ အဲဒီခါကျတော့ အနုပညာ အလုပ် လုပ်ရတာမှာ ပိုလွယ်ကူ လာခဲ့တာပါ"လို့ ဆိုပါတယ်။

Source : Popular News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ