Entertainment: လိင်အသားပေး ဓာတ်ပုံများရိုက်ကူးပါက အလှမယ်ဘွဲ့ ပြန်ရုပ်သိမ်းမည်

ပြိုင်ပွဲကာလအတွင်း လိင်အသားပေးဓာတ်ပုံများရိုက်ကူးရင် အလှမယ်ဘွဲ့ပြန်ရုပ်သိမ်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

Miss Golden Land Myanmar Organization က အလှမယ်​များအ​နေနဲ့ စာချုပ်​သက်​တမ်း ကာလအတွင်းမှာ ​ ပြိုင်​ပွဲကာလမှအပ လိင်​အသား​ပေးဓာတ်​ပုံများ ရိုက်ကူးပါက  နိုင်​ငံဂုဏ်​​ဆောင်​ အလှမယ်​ဘွဲ့အား ရုတ်​သိမ်းသွားမယ်လို့ စာထုတ်ပြန်ထားပါတယ်။

play

 

မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအရ နိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်အနေနဲ့ ပြိုင်ပွဲဝင်ကာလအတွင်းမှာလွဲကာ Swimsuit ရိုက်ကူးခွင့်မရှိကြောင်း ရိုက်ကူးခဲ့ရင်လည်း ထိရောက်စွာ အရေးယူမယ်လို့  Miss Golden Land Myanmar Organization က ဒါရိုက်တာ ဟန်ဇော်လတ်က ပြောပါတယ်။

play

နိုင်ငံဂုဏ်ဆောင်အလှမယ်တစ်ယောက်အနေဖြင့် လူငယ်များ အတုယူမမှားစေဖို့နဲ့ လူအများစုအလှမယ်လောက အပေါ်အထင်အမြင်မမှားကြစေဖို့ သတိပြုနေထိုင်သင့်တယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ