Entertainment: ကနေဒါကို ဖျော်ဖြေရေးသွားမယ့် ထွန်းအိန္ဒြာဗိုလ်

ပြည်ပဖျော်ဖြေရေးအနေနဲ့ ကနေဒါနိုင်ငံကို သွားရမယ်လို့ သူမက ဆိုပါတယ်။

play

 

ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖို့ လက်ခံထားတဲ့ သူမက ပြည်ပဖျော်ဖြေရေးအနေနဲ့ သင်္ကြန်ပြီးရင် ကနေဒါကို သွားရမယ်လို့ ဆိုပါတယ်။ ကနေဒါ ဖျော်ဖြေရေးခရီးစဉ်အတွက် သုံးပွဲစီစဉ်ထားပေမဲ့ တစ်ပွဲက ပျက်သွားပြီး နှစ်ပွဲဆိုရမှာ ဖြစ်တယ်လို့ သူမက ပြောပါတယ်။

play

 

"အခုလောလောဆယ်မှာ ဇာတ်ကားကြီးက "ကျေးညီနောင်"ရုပ်ရှင်ဇာတ်ကားကြီးနဲ့ "အောင်သွယ်တော်စိန်အားသစ်"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနှစ်ကားမှာ ပါဝင်သရုပ် ဆောင်ဖြစ်မယ်။အဲ့ဒီကားကြီးတွေကလည်း ကိုယ်တိုင်ကြိုက်လို့ လက်ခံရိုက်ကူးဖြစ်တာ။ သင်္ကြန်ပြီးသွားရင် နောက်ထပ်တစ်ကားရိုက်ကူးဖို့ ရှိတယ်။ပြီးရင်တော့ ပြည်ပဖျော်ဖြေရေး သွားမှာပါ"လို့ ဆိုပါတယ်။

play

ကနေဒါကို တစ်ခါမှ မရောက်ဖူးသေးတဲ့ သူမက ကနေဒါမှာ ရှိတဲ့ မြန်မာပရိသတ်တွေနဲ့တွေ့ဆုံချင်တာလည်း ပါတာကြောင့် အဲဒီခရီးစဉ်ကို သွားဖြစ်တာလို့ ဆိုပါတယ်။

Source : ပြည်မြန်မာ သတင်းစာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ