Entertainment: ယူကေရဲ့ ပထမဆုံး မသန်စွမ်း အကိတ်မော်ဒယ်

"ကျွန်မလို ချောမောလှပသူဟာ ဝှီးချဲပေါ်မှာ မရှိသင့်ဘူးလို့ လူတွေက ပြောကြတယ်" လို့ ကေတီက ပြောလာပါတယ်။

play

 

မိန်းမငယ်လေးတစ်ယောက်ဟာ ယူကေရဲ့ ပထမဆုံး မသန်စွမ်း အကိတ်မော်ဒယ် ဖြစ်လာဖို့ မျှော်လင့်ထားသူပါ။

play
ကေတီဟာ ငယ်စဉ်က ဘဲလေးအကနဲ့ မြင်းစီးခြင်းကို ဝါသနာကြီးကြီးနဲ့ လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

 

ယခု အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ကေတီနိုလီစ်ဟာ အသက် ၁၅ နှစ်မှာ ဆေးမတိုးတဲ့ရောဂါနဲ့ ကျောရိုးကျဉ်းရောဂါတို့ကို ခံစားခဲ့ရပါတယ်။ သူမရဲ့ အခြေအနေ ဆိုးရွားလာတဲ့အတွက် သူမဟာ လမ်းမလျှောက်နိုင် ဖြစ်ခဲ့ရပြီး သူမရဲ့ မွေးရပ်မြေ နယူးကာဆယ်မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရသူပါ။

play

 

အဲဒီရောဂါကြောင့် ခြေထောက်တွေ မလှုပ်ရှားနိုင်ဖြစ်ခဲ့ရတဲ့ ကေတီရဲ့ မော်ဒယ်ဖြစ်ချင်တဲ့ ဇွဲကြောင့် ဘယ်ဘက်ခြေထောက် ပြန်လည်လှုပ်ရှားနိုင်ခဲ့ပေမဲ့ ညာဘက်ခြေထောက်ကတော့ သေချာမလှုပ်ရှားနိုင်ပါဘူး။

အံ့သြစရာကောင်းစွာပဲ ကေတီဟာ သူမရဲ့ ဝါသနာအပါဆုံးအရာတစ်ခုဖြစ်တဲ့ မြင်းစီးခြင်းကို လုပ်ဆောင်နိုင်ဆဲ ဖြစ်ပေမဲ့လို့ သူမဟာ အကူအညီမပါဘဲ ဘယ်တော့မှ လမ်းပြန်မလျှောက်နိုင်တော့ပါဘူး။

play

 

မသန်စွမ်းမှုကို သူမရဲ့ ရည်မှန်းချက်တွေမှာ အတားအဆီး အဖြစ်မခံတဲ့ ကေတီ့ကို Models of Diversity ဆိုတဲ့ အသင်းအဖွဲ့က မော်ဒယ်လုပ်ချင်သလားလို့ ချဉ်းကပ်မေးမြန်းလာခဲ့ပါတယ်။

အိပ်မက်တစ်ခုကို အကောင်အထည် ဖော်လိုက်နိုင်ပြီဖြစ်တဲ့ ကေတီဟာ သြစတြေးလျကို ခရီးထွက်ဖို့လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ